ထိခိုင်နာကျင်မှုများအတွက် ဆေးငွေ့၊ ဆေးရည်ဖြန်းရုံဖြင့် သက်သာနိုင်ရန် စီစဉ်

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

ထိ ခိုက် နာကျင်မှုများ အတွက် အရေပြား ဆဲလ်များ ပေါ်တွင် ဆေးငွေ့ ၊ ဆေးရည်များ ဖျန်းပေး ရုံမျှဖြင့် သက်သာ ပျောက်ကင်း  စေရန် စီစဉ်နေကြောင်း ဆွီဒင် မှ ဆရာဝန်များ က ဆိုသည်။ လင်ချော့အ်ပင် မှ ပရော်ဖက်ဆာ ဂန်နာကရက်ဇ် က ပြီးခဲ့သော ရာစုနှစ်များ အတွင်း အားကစားပွဲများ တွင် ခြေထောက် ထိခိုက်မှု ကဲ့သို့သော အခြေအနေ များ အတွင်း Spray များ ဖြန်းပေး ခဲ့သည်အား အခြေခံပြီး ယခုကဲ့သို့ စဉ်းစား လာခြင်း ဖြစ်ကြောင်း ၀န်ခံ ခဲ့သည်။

ယခ ုနည်းပညာအား ဆွီဒင်နိုင်ငံ မှ အခြေပြု စတင်မည် ဟု ၎င်း ကဆို သည်။ ဖြစ်နိုင်ရန် ခက်ခဲသည် မှန်သော်လည်း ၎င်းတို့ အနေနှင့် ဖြစ်နိုင်ခြေ ရှိသမျှ ကြိုးစား သွားမည် ဟု ကရက်ဇ် က ဆွေးနွေးပွဲ တစ်ခုတွင် ထုတ်ဖော် ပြောဆို သွားသည်။ နာကျင်မှုအား ဦးနှောက်မှု လှုံ့ဆော် ပေးလိုက်ခြင်း အား အရေပြားဆဲလ်များ မှ Spray ဖြင့် ထိတွေ့ချိန် တွင် အကာအကွယ် ပေးနိုင်ရန် စဉ်းစား မိကြောင်း ကရက်ဇ် ကဆိုသည်။ အချို့သော ဒါဏ်ရာများ သည် ခေတ်သစ် ပတ်တီးစည်း သည့် နည်း စနစ်များ အတွက် ကြီးမားလွန်း နေကြောင်း၊ ဧရိယာ ကြီးမား ကျယ်ပြန့်သည့် ထိခိုက်မှုများ အတွက် Spray ဖြန်းခြင်း သည် အကောင်းဆုံး ဖြစ်မည်ဟု ယုံကြည် မိကြောင်း ကရက်ဇ် က ထောက်ပြ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here