ဆွီဒင်စစ်တပ် မိုဘိုင်းလ်လေဆိပ် စမ်းသပ် သုံးစွဲ

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

ဆွီ ဒင်စစ်တပ်သည် နိုင်ငံမြောက်ပိုင်းတွင် မိုဘိုင်း လေဆိပ် တစ်ခုကို စမ်းသပ်မှုများ ပြုလုပ် လျက်ရှိ သည်။ ၎င်း မိုဘိုင်းလ် လေဆိပ်မျိုး အား နိုင်ငံ အတွင်း နှင့် အခြားသော နိုင်ငံများ တွင် သဘာဝ ဘေးဆိုးများ ကျရောက် ခဲ့ပါက အထောက်အပံ့ များ အလွယ်တကူ ပို့ဆောင်နိုင် ရေး အသုံးပြု နိုင်ရန် မျှော်လင့် ထားသည်။

ကြီးမားသော ကွန်တိန်နာ အနည်းငယ် ကို ပို့ဆောင် စမ်းသပ်မှု ပြုလုပ် နေပြီး နောက်ပိုင်းတွင်မူ ပမာဏများပြားစွာ ပို့ဆောင်မှု များ ပြုလုပ်နိုင်ရန် ဆွီဒင်စစ်တပ်မှ ရည်မှန်း ထားကြောင်း သိရှိ ရသည်။ ၎င်း မိုဘိုင်းလ် လေဆိပ်အား (၂၀၀၂) ခုနှစ်က တည်းက စတင် စမ်းသပ်နေပြီး လေကြောင်း ထိန်းချုပ်ရေး မျှော်စင်၊ ရေဒါ၊ လေယာဉ်ပြေး လမ်းပြ မီးများ အပါအဝင် လေဆိပ်ဆိုင်ရာ စနစ်အားလုံးကို အလွယ်တကူ ရွှေ့ပြောင်း သယ်ဆောင် နိုင်ရန် စီစဉ် ထားသည်။ ယခ ုလောလောဆယ် နိုင်ငံ အတွက် စမ်းသပ် နေသော်လည်း နောက်ပိုင်း တွင် အဆိုပါ စနစ်အား နိုင်ငံတကာသို့ ဖြန့်ချီ ပေးနိုင်ရန် ရည်ရွယ် ထားကြောင်း၊ ယခုစမ်းသပ်မှု အောင်မြင်မည် ဆိုပါက အကြပ်အတည်း ကြံုနေသည့် ဒေသတိုင်း သို့ လေယာဉ်ဖြင့် ကယ်ဆယ်ရေး၊ အထောက်အပံ့များ ပေးပို့ နိုင်မည်ဖြစ်ကြောင်း ဆွီဒင် စစ်တပ်က သတင်း ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ မှစပြီး ယခု မိုဘိုင်းလ်လေဆိပ် အစီအစဉ်ကို လက်နက်ကိုင် တပ်များဖြင့် စမ်းသပ် ဆောင်ရွက် လျက်ရှိပြီး စနစ်တစ်ခုလုံး ကောင်းစွာ အသားကျအောင် ပြင်ဆင် လုပ်ကိုင် နေကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here