ကလပ်စတာဗုံးကဲ့သို့ လက်နက်များ ဖြုတ်သိမ်းရန် သဘောတူ

သတင်းထောက်ကူပြု ပြ ဓါတ်ပုံ (ဓာတ်ပုံ - ဂိုလ်ဂယ် ဓါတ်ပုံ ပြခန်း မှ)

 

နော် ဝေးနိုင်ငံ အော်စလိုမြို့တွင် ဥရောပနိုင်ငံ (၂၀)မှ အစိုးရကိုယ်စားလှယ်များသည် ထိခိုက်မှု ပြင်းထန်များပြားသော ကလက်စတာ လက်နက်များ ဖျက်သိမ်းရေးအတွက် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆို ခဲ့သည်။ ထပ်ဆင့် ထိခိုက်မှုများ ဖြစ်ပေါ် စေတတ်သည့် ကလက်စတာ ဗုံးများအပါအဝင် လက်နက်များ ကို အသုံးမပြုု တော့ကြောင်း လက်မှတ် ထိုးရာတွင် ထိပ်သီးနိုင်ငံများ ဖြစ်သည့်

အမေရိကန်၊ ရုရှားနှင့် တရုတ်တို့သည် ယခင်ကတည်းက ကြေငြာထားသည့်အတိုင်း ပါ၀င်ခဲ့မှုမရှိပေ။ ဥရောပယူနီယံမှ နိုင်ငံ(၇)နိုင်ငံမှာလည်း ကလက်စတာလက်နက်များ ပယ်ဖျက်ရေး စာချုပ်တွင် သဘောတူလက်မှတ်ရေးထိုးခြင်း မရှိခဲ့ကြဟု သိရသည်။ ကမာ္ဘ့အင်အားကြီး နိုင်ငံများဖြစ်သော ဗြိတိန်နှင့် ပြင်သစ်တို့သည် ယခုသဘောတူ စာချုပ်တွင် ပါ၀င် လက်မှတ် ရေးထိုး ခဲ့သည်။

ယခု လက်မှတ်ထိုးပွဲတွင် ဖင်လန်နိုင်ငံ မပါ၀င်မှုမှာ အံ့ဩစရာ အခြေအနေတစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုခဲ့ကြသည်။ ဖင်လန်သည် ဒေသတွင်းရှိ ရုရှားနိုင်ငံ နှင့် အရှုပ်အထွေးများ ဖြစ်လာနိုင်မှုကို စိုးရိမ်သဖြင့် ကလက်စတာ လက်နက်များ ဆက်လက်ထိန်းသိမ်းသွားရန် ပြင်ဆင်ထားသည်။ ရုရှား – ဂျော်ဂျီယာ ပဋိပက္ခအပြီးတွင် ဖင်လန် အနေနှင့် ရုရှားကျူးကျော်မှု အန္တရာယ်ကို ပိုမို စိုးရိမ်လာ သည်ဟု ဆိုသည်။ ဩဂုတ်လအတွင်း ရုရှားတို့ ဂျော်ဂျီယာနိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်မှုအရ ကလက်စတာ လက်နက်များအား နိုင်ငံလုံခြံုရေးအတွက် ဆက်လက်သိုမှီးသွားရန် လိုအပ်သည်ဟု ယူဆမိကြောင်း ဖင်လန်အစိုးရပိုင်းတွင် သတင်း ထွက်နေသည်။

ဖင်လန်နိုင်ငံ အစိုးရက စာချုပ်တွင် ၀င်ရောက်လက်မှတ် ရေးထိုးခြင်းမရှိမှုမှာ ရုရှား အား ကြောက်ရွံ့ နေသောကြောင့် ဆိုသည့် အချက်အား ငြင်းဆန်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေး အတွက်သာ ရည်ရွယ်ထား ကြောင်း ကြေငြာခဲ့သည်။ လက်ရှိအချိန် တွင် ဖင်လန်နိုင်ငံ စစ်အင်အားမှာ သုံးသိန်းခွဲခန့်သာရှိပြီး ရုရှားတပ်မတော်တွင် စစ်သည် နှစ်သန်းကျော်နှင့် စစ်လက်နက်ဆန်းများ တပ်ဆင်ထားမှုကြောင့် အဘက်ဘက် မှ ယှဉ်နိုင်မည် မဟုတ်ကြောင်း ကမာ္ဘ့နိုင်ငံရေး အကဲခတ်များက ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here