ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပူးပေါင်း၍ မြန်မာ့အရေး ဆောင်ရွက်ရန် ကုလကို တိုက်တွန်း

Click to enlarge

က မာ္ဘ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်ဟောင်းများ စုပေါင်းပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း အား မြန်မာ့အရေး ကြားဝင် ပေးရန် တိုက်တွန်း လိုက် ကြ သည်။ နိုင်ငံ ခေါင်းဆောင် အယောက် ( ၁၀၀) ကျော်က စာများ ရေးသား ကာ မြန်မာ နိုင်ငံ အတွင်း စစ်အစိုးရ အုပ်ချုပ်နေမှု အား ဖယ်ရှားရန် နှင့် ဒေါ် အောင်ဆန်း စု ကြည် အပါအဝင် နိုင်ငံရေးသမား များ လွတ်မြောက်ရန် ကုလသမဂ္ဂ အနေနှင့် အစွမ်းကုန် ဆောင်ရွက် သင့်ကြောင်း ဒီဇင်ဘာလ (၃) ရက်နေ့က တိုက်တွန်း ခဲ့ကြသည်။

 

၎င်းတို့ အနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်း စု ကြည် နှင့် နိုင်ငံရေးသမား များ၏ လုံခြံုရေး အတွက် ပူပန် နေမိကြောင်း ဖော်ပြ ထားသည်။ ယခုစာရေး ပေးပို့သူများအနက် အမေရိကန် သမ္မတဟောင်း များဖြစ်သည့် ဂျော့ဘုရှ်စီနီယာ၊ ဂျင်မီကာတာ နှင့် ယခင် ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ်ဂိုဗာချော့ဗ် တို့ကဲ့သို့ ထိပ်ထိပ်ကြဲ များ လည်း ပါ၀င် ကြသည်။ ထို့ပြင် ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန်နှင့် ဖိလစ်ပိုင်စသော ကမာ္ဘ့နိုင်ငံ အသီးသီး မှ ခေါင်းဆောင်ဟောင်း များ စုပေါင်းပြီး မြန်မာ စစ်အစိုးရ မတရား လုပ်ဆောင်မှု များအတွက် ကုလသမဂ္ဂ မှ ပါ၀င် ဖြေရှင်းရန် တိုက်တွန်း သွားကြသည်။

ဘန်ကီမွန်းက နိုင်ငံ(၅၀)မှ ခေါင်းဆောင်ဟောင်းများ ပေးပို့သောစာများကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြု ခဲ့သည်။ မြန်မာစစ်အစိုးရသည် ပြီးခဲ့သော လများအတွင်း နိုင်ငံရေး သမားများ ကို မတရား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် နိုင်ငံတကာ ရှုတ်ချမှုများနှင့် ကြံုတွေ့ နေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here