Windows Live အစီအစဉ်အား Social Networking အဖြစ် အသွင်ပြောင်းမည်

Click to enlarge

နို ၀င်ဘာလမှစပြီး အပြောင်းအလဲများ ပြုလုပ်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်နေသည့် Microsoft သည် Windows Live အစီအစဉ်အား Social Networking ၀န်ဆောင်မှု တစ်ခုအဖြစ် ဖန်တီး နိုင်ရန် အကောင် အထည်ဖော် လျက်ရှိ သည်။ Windows Live အရ နေရာများ၊ အချိန်များ၊ အဖြစ်အပျက် များအား Home Page အသစ် နှင့်အတူ လွယ်ကူစွာ ထိတွေ့ခံစားနိုင်ပြီး ဓာတ်ပုံများ၊ Groupများနှင့် Profileများကိုလည်း စိတ်ကြိုက်မျှဝေ ချိတ်ဆက် နိုင်မည် ဖြစ်သည်။

 

ထို့ပြင် Blogများ တင်နိုင်ရန်အတွက်ပါ Microsoftမှ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ယခု အစီအစဉ် အရ Windows Live အား Windows ပရိသတ်များ ကြိုက် နှစ်သက် မည်ဟု ယုံကြည် ထားကြောင်း Microsoft က ထုတ်ပြန် ကြေငြာ လိုက်သည်။ ယခု အစီအစဉ် အရ Windows Live အသုံးပြု သူတိုင်းအား 25G ပမာဏအထိ အသုံးချ နိုင်ရန် ပြင်ဆင်ပေးနေပြီး Photo Slide ကဲ့သို့ Feature သစ်များပါ ထပ်ဖြည့် ပေးသွား မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here