ဗီတာမင် D လျော့နည်းပါက နှလုံးရောဂါ ဖြစ်နိုင်

Click to enlarge

ဗီ တာမင် D သည် နှလုံးအတွက် အရေးပါသော ဓာတ်တစ်ခုဖြစ်ပြီး ၎င်းဗီတာမင် ချို့တဲ့ပါက နှလုံးရောဂါ ဖြစ်ပွား နိုင်သည့် အခြေအနေ ကို မြင့်တက် စေပြီး လေဖြတ်မှု မျိုးလည်း ဖြစ်စေ နိုင်သည်ဟု သုတေသန စစ်တမ်း အသစ် တွင် တွေ့ရှိရသည်။

ဗီတာမင် D သည် နံနက်ခင်း နေပူစာလှုံခြင်းဖြင့် ပေါကြွယ်ဝစွာ ရရှိနိုင်သည်။ နှလုံးသွေးကြောများ အားနည်းမှု သည် ဗီတာမင် D ချို့တဲ့မှု နှင့် တိတိကျကျ ဆက်စပ် နေကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာဂျိမ်းစ်အိုကိဖ် က ပြောဆို ခဲ့သည်။ နှလုံး သွေးကြောများ အားနည်းမှု၊ သွေးဖိအား ဆိုးရွားစွာ ကျဆင်းမှုများ အား ဗီတာမင် D က ထိန်းကွပ် ကာကွယ် ပေးနိုင် ကြောင်း သုတေသန ပညာရှင်များ က အတည်ပြု ထောက်ခံ ခဲ့သည်။

ယခုတွေ့ရှိ မှုနှင့် ပတ်သတ်သော အသေးစိတ် အချက် များကို ဒီဇင်ဘာလ (၉) ရက်နေ့တွင် တရားဝင် ထုတ်ပြန် ပေးမည် ဟုလည်း ဒေါက်တာ ဂျိမ်းစ်အိုကိဖ် က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here