ကလေး မကြည့်ရှုသင့်သော Content များ Ning က ပိတ်မည်

Click to enlarge

N ing ၀က်ဘ်ဆိုက်က ၎င်းခွင့်ပြု ထားသော ကလေးသူငယ်များ မကြည့်ရှု သင့်သည့် Content များအား ပိတ်ပစ်တော့မည်ဟု ကြေငြာလိုက်သည်။ Social Networking ၀န်ဆောင်မှုအတွက် အဓိကရည်ရွယ်ထားသော Ning သည် Red Light District ခေါ် Content တစ်ခု ပေးထားပြီး ထို Content အား အသက်ကြီးရင့်သူများသာ ကြည့်ရှုနိုင်မည်ဟု ကြေငြာ ထားခဲ့သည်။

 

သို့သော်လည်း Red Light District ကို (၂၀၀၉)ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစပြီး ပိတ်ပစ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ Blogတွင် ရေးသား ထားသည်။ ကုမ္ပဏီ CEO ဖြစ်သူ ဂီယန်ဘီယန်ချီနီ က ယခုဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ အခက်အခဲ ကြောင့် သာဖြစ်ကြောင်း ကြေငြာ ခဲ့သည်။ Ning သည် Google ပိုင် YouTube မှ Porn Image များအား ရယူဖော်ပြခွင့် ရရှိနေသည့် တစ်ခု တည်းသော ၀က်ဘ်ဆိုက် လည်းဖြစ်သည်။ ဘီယန်ချီနီက ကုမ္ပဏီ၏ Partner များသည် ယခု အစီအစဉ် အား ရေရှည် ဆက်လက် လုပ်ကိုင်ရန် အလို မရှိတော့သဖြင့် ရပ်ဆိုင်း ရန် ဆုံးဖြတ် ခဲ့ရကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here