ဖျော်ဖြေရေးဝန်ဆောင်မှုများ ကလေးများအား ထိခိုက်

Click to enlarge

နှစ် (၃၀) နီးပါးကြာမျှ မှတ်တမ်းများအား လေ့လာပြီး စစ်တမ်းတစ်ရပ် ပြုစုခဲ့ ရာတွင် ရုပ်မြင်သံကြား၊ တေးဂီတ၊ မဂ္ဂဇင်း၊ ဂိမ်းများ နှင့် အင်တာနက် စသည့် ဖျော်ဖြေရေး ဆိုင်ရာ ၀န်ဆောင်မှုများသည် ကလေးများ နှင့် မြီးကောင်ပေါက်များ အတွက် ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု များ ရှိနေ နိုင်ကြောင်း သိရှိ ခဲ့ကြသည်။

 

အမျိုးသား ကျန်းမာရေးဌာနနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများကိ (၁၉၈၀)မှစပြီး ဖျော်ဖြေရေး နည်းပညာများ ထွန်းကားလာမှုနှင့် လူငယ်တို့၏ ကျန်းမာရေး ဆက်စပ်မှုများအကြား စနစ်တကျ လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီးနောက် သတိပြုသင့်သော အခြေအနေကို ထုတ်ပြန်ခဲ့ကြောင်း New York Times သတင်းစာကြီးက ဖော်ပြထားသည်။

လေ့လာမှုအကြိမ် (၁၇၃) ခါမျှထိ ပြုလုပ် ခဲ့ရာတွင် ဖျော်ဖြေရေးဆိုင်ရာ နည်းပညာ များ တိုးတက်လာလေလေ၊ လူငယ်ထုတွင် သိသာ ထင်ရှားသော ကျန်းမာရေး ဆုတ်ယုတ်မှု များ ပေါ်ပေါက် လာလေလေဟု ရလဒ်များ ထွက်ပေါ် လာခဲ့သည်။ ယခုအခါ အဆိုပါ စစ်တမ်းအား အခြေခံ ပြီး ကလေး သူငယ်များ ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိန်ခေါ်မှု ပြင်းထန်သော အခြေအနေ တစ်ရပ်ဟု အမေရိကန် ဆေးပညာရှင် များက သတ်မှတ် ထားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here