ပက်ထရစ်ဆွေဇီ သေလု မျောပါးဖြစ်နေခြင်း မဟုတ်ဟု ငြင်း

Click to enlarge

ပက် ထရစ်ဆွေဇီက ၎င်းသည် သေကောင်ပေါင်းလဲ ဖြစ်နေ သည် ဆိုသော သတင်းများအား ငြင်းဆန် သွားသည်။ အသက် (၅၆) နှစ်အရွယ် Dirty Dancing နှင့် Ghost ရုပ်ရှင်များ ဖြင့် နာမည်ကျော်ခဲ့သော မင်းသားသည် လက်ရှိ အချိန်တွင် ပန်ကရိယ ကင်ဆာ ရောဂါအား ခံစား နေရသည်။

 

ဟောလီးဝုဒ် မင်းသားကြီးက The Beast ရုပ်ရှင်အား ရိုက်ကူး အပြီး မိသားစုနှင့် အတူတကွ အနားယူနေကြောင်း၊ ၎င်းအနေနှင့် သေလုမျောပါး ဝေဒနာခံစားနေရသည့် သတင်းများမှာ တစ်ခုမှအမှန်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ သတင်းထောက်များ က ၎င်းအနေနှင့် သေကာနီး အကြောဆွဲနေပြီး မိသားစုများ မှာ မျက်ရည်ဖြိုင်ဖြိုင်နှင့် ငိုပွဲဆင် နေသကဲ့သို့ ပိုပိုသာသာ ရေးသား ထားကြောင်း၊ ယခုကဲ့သို့ သတင်း အမှားများ ကို စိတ်ပျက်မိကြောင်း ဆွေဇီ က ထုတ်ဖော် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here