ရုရှား ၏ က ာကွယ်ရေး ဒုံးကျည် လက်နက်များ ကို အဆင့်မြှင့် မည်

Click to enlarge

ရု ရှားနိုင်ငံသည် ၎င်း၏ကာကွယ်ရေးဆိုင်ရာ ဒုံးကျည်လက်နက်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး စနစ်အပြင် မည်သည့်ဒုံးကျည် ကာကွယ်ရေး အတားအဆီးဒိုင်း ကိုမဆို ဖောက်ထွင်းဝင်ရောက်နိုင်မည့်

ဒုံးကျည် စနစ်မျိုး ဖြစ်လာစေမည်ဟု ရုရှားနို်င်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၁) ရက်နေ့က ကြေငြာ ခဲ့သည်။

ထို့ပြင် အမေရိကန်တို့သည် အာကာသ အတွင်းမှ တိုက်ခိုက်လာနိုင်သော အလားအလာများကိုပါ ချေဖျက်သွားရန် ရည်ရွယ်ထားကြောင်း ရုရှားစစ်ဘက် အာဏာပိုင်များက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ မဟာဗျူဟာ ဒုံးကျည်စီမံကိန်း အကြီးအကဲ ဗိုလ်ချုပ်ကြီး နီကိုလိုင် ဆိုလော့ဗ်တဆော့ဗ်က အာကာသအခြေစိုက် ဒုံးကျည်စနစ်ကို အဆင့်မြှင့်မည်ဖြစ်ပြီး ရုရှားဒုံးကျည်များသည် မည်သို့သော အခြေအနေ မျိုးကိုမဆို တိုက်ခိုက်ဖျက်ဆီးနိုင်ရန် ကြံစည်ထားကြောင်း ပြောကြားခဲ့သည်။

RS-24 အမျိုးအစား ဒုံးကျည်သစ်များကို နည်းပညာ အဆင့်မြှင့်မှုများ ပြုလုပ်ပြီးနောက် အာကာသထဲအထိ အဆီး အတားမရှိ ပစ်လွှတ်နိုင်အောင် ပြုလုပ်ထားကြောင်း ဆိုလော့ဗ်တဆော့ဗ်က ဆိုသည်။ အဆိုပါ ဒုံးကျည်များသည် အမေရိကန်တို့၏ ဒုံးခွင်းဒုံးစနစ်၏ တုန့်ပြန်မှုကိုပါ ရှောင်လွှဲနိုင်မည်ဟု ဗိုလ်ချုပ်ကြီးက ကြံုးဝါး ထားသည်။

ထိုကဲ့သို့ ဒုံးကျည်များ အဆင့်မြှင့်ရန် ရုရှား၏ စီစဉ်မှုသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်သည့် ပိုလန်နှင့် ချက်တို့အတွက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်လာကြောင်း နိုင်ငံရေး အကဲခတ်များက ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here