Google Chrome ၏ အနာဂတ်ရည်မှန်းချက်များ ထုတ်ဖော်

Click to enlarge

G oogle က ၎င်း၏ Web Browser ဖြစ်သော Chrome နှင့်ပတ်သတ်သည့် အနာဂါတ် ရည်မှန်းမှုများကို ထုတ်ဖော် ပြောဆိုလိုက်သည်။ Google ၏ အဆိုအရ ကုမ္ပဏီသည် Chrome အပေါ်တွင် အာရုံစိုက်ထားပြီး လိုအပ်ချက်များကို အကောင်းဆုံး ဆက်လက် ဖြည့်ဆည်း သွားမည်ဟု သိရှိရသည်။

ထို့ပြင် Open- source Web browser ဖြစ်သော Chrome အား စိတ်ကြိုက် Curstomize လုပ်ခွင့်ပေးရန် ကြံစည်ထားကြောင်း သိရှိ ရသည်။ Extension အသစ်တစ်ခုကို Chrome အတွက် ထုတ်ပေးထားသည်မှာ မကြာသေးမီကပင် ဖြစ်သော်လည်း Google က နောက်ထပ် အသစ်၊ အသစ်သော ဆွဲဆောင်မှုရှိသည့် ၀န်ဆောင်မှုများ ပေးသွားနိုင်ရေး အားထုတ်နေကြောင်း Google Programmer အေရွန်ဘွတ်မန်က ပြောကြား သွားသည်။

နောက်ထပ် ၀န်ဆောင်မှုများအဖြစ် Autolink များ၊ AdBlock များ၊ Skype Extension များ၊ Download Manager များအပါအဝင် ၀န်ဆောင်မှုများ ဖြည့်ဆည်းပေးသွားရန် ရည်ရွယ်ထားသည်ဟု Google က Chrome အသုံးပြုသူများထံ ထုတ်ပြန်ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here