Facebook ဝန်ဆောင်မှုအသစ် ဖြည့်စွက်

Click to enlarge

ဇူ လိုင်လအတွင်းက Facebook သည် ၎င်း၏ အားပေးသူများအတွက် ပိုမိုပြည့်စုံသော ၀န်ဆောင်မှုတစ်ခု ဖြည့်စွက်ပေးရန် စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုအစီအစဉ်မှာ Facebook အသုံးပြုသူများ အချင်းချင်း မိတ်ဖွဲ့ခြင်း၊ Private ဖြစ်မှုအတွက် အထိန်းအကွပ် ဖြစ်စေခြင်းနှင့် Account များ မျှဝေခြင်းတို့အား Third party ၀က်ဘ်ဆိုက်၊ Desktop Application တစ်ခု (သို့မဟုတ်) Drive တစ်ခုတွင် ပြုလုပ်ခွင့်

ပေးနိုင်ရေးဖြစ်သည်။

 ယခုအခါတွင် Facebook Connect နည်းပညာ သစ်အား ဆက်လက် ဖြည့်ဆည်းပေးလိုက်ပြီး အဆိုပါ အကြံအစည် ကို စတင် အကောင်အထည် ဖော်လိုက် ပြီဖြစ် သည်။ ဒီဇင်ဘာလ (၁)ရက်နေ့က စတင်လိုက်သော အဆိုပါ နည်းပညာအရ privacy setting များမှလွဲပြီး Data ဝေမျှမှုများကို Facebookအသုံးပြုသူများ စိတ်ကြိုက် ပြုလုပ် နိုင်တော့မည်ဟု သိရှိ ရသည်။ Facebook Connect အား ဖန်တီးခဲ့ခြင်းဖြင့် Facebookသည် ၎င်း၏ Social Networking ပြိုင်ဘက် ၀က်ဘ်ဆိုက် Myspace ၏ OpenID နှင့် ယှဉ်ပြိုင်လာနိုင်မည်ဖြစ်သည်။

OpenID သည် Google နှင့် Microsoft တို့၏ ပံ့ပိုးမှုကို ရရှိထားသည်။ ယခုအခါတွင် Facebook Connect အား ၎င်း၏ပရိသတ်များ အားလုံးတို့ မှ အသုံးပြုနိုင်ပြီဟု Facebook က ကြေငြာခဲ့ပြီး ဓာတ်ပုံများ၊ သူငယ်ချင်းများ၊ အဖြစ်အပျက်များ၊ အဖွဲ့အစည်းများ နှင့် ဆိုင်သော Facebook အချက်အလက်များကို အခြားသော ၀က်ဘ်ဆိုက်တစ်ခုတွင် ချိတ်ဆက် ဖော်ပြ နိုင်တော့ မည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here