သမ္မတ ဂျော့ရှ် အီရတ် စစ်ပွဲ နှင့် ပတ်သက် ၍ ထုတ်ဖော် ဝန်ခံ

Click to enlarge

မေရိကန် သမ္မတ ဂျော့ဘုရှ်က ၎င်းအနေနှင့် အီရတ်စစ်ပွဲအား ပြင်ဆင်မှု မလုံလောက်ဘဲ ဆင်နွှဲခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ အကြီးမားဆုံး နောင်တမှာ အမေရိကန် ထောက်လှမ်းရေး ၏ အီရတ်အခြေအနေ စုံစမ်းမှုများ လွဲချော်ခဲ့မှုဖြစ်ကြောင်း

ဒီဇင်ဘာလ (၁) ရက်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အင်တာဗျူး အစီအစဉ်တစ်ခုတွင် ထုတ်ဖော် ၀န်ခံ ခဲ့သည်။

သို့သော်လည်း အီရတ်ခေါင်းဆောင် ဆာဒမ်ဟူစိန်တွင် နျူကလီးယားနှင့် အဖျက်စွမ်းအား ကြီးမားသော လက်နက်များရှိနေသည်ဟု အမေရိကန် ထောက်လှမ်းရေးက မှားယွင်းသတင်းပို့မှုမျိုး မရှိခဲ့လျင် (၂၀၀၃)ခုနှစ် အီရတ်စစ်ပွဲအား ဆင်နွှဲဖြစ်မည်လားဆိုသည့် အမေးကိုမူ ဘုရှ်က ဖြေဆိုရန် ငြင်းဆန်သွားသည်။ ABCရုပ်မြင်သံကြားနှင့် အင်တာဗျူးတွင် ၎င်းလက်ထက်က အဆုံးမသတ် နိုင်သည်များကို အိုဘားမားက ဆက်လက်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားကြောင်း ဘုရှ်က ပြောကြား ခဲ့သည်။

၎င်း၏ အိမ်ဖြူတော် သက်တမ်းတလျှောက် နောင်တရစရာ အကောင်းဆုံး အခြေအနေမှာ ဆာဒမ်ဟူစိန်လက်တွင် အစုလိုက်၊ အပြံုလိုက် သေစေတတ်သော လက်နက်ဆန်းများ ပိုင်ဆိုင်နေပြီဆိုသော အမေရိကန် ထောက်လှမ်းရေး၏ စကားအပေါ် ယုံကြည်ခဲ့မိခြင်းဖြစ်ကြောင်း ဘုရှ်ကဝန်ခံခဲ့သည်။ ထို့ပြင် အနာဂါတ်ကာလ အမေရိကန် ထောက်လှမ်းရေးစနစ်တွင် ကွဲပြားသော အခြေအနေများ ရှိနေစေရေး မျှော်လင့်မိကြောင်း ဘုရှ်ကပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here