အမျိုးသားလုံခြုံရေးအဖွဲ့တွင် ဟီလာရီ နှင့် ရောဘတ်ဂိတ်စ်တို့ ပါ

Click to enlarge

အို ဘားမား ၏ အမျိုးသားလုံခြံုရေးအဖွဲ့တွင် ဟီလာရီကလင်တန်နှင့် ရောဘတ်ဂိတ်စ်တို့ ပါ၀င်မည်ဟု သိရှိရသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတွင်းရေးမှူး နှင့် နိုင်ငံခြားရေး ၀န်ကြီး တာဝန်တို့ကို ပူးတွဲ ထမ်းဆောင်မည့် အိုဘာမား ၏ ရီပါဘလစ်ကန် ပြိုင်ဘက် ဟောင်းအား အမျိုးသား လုံခြံုရေး အဖွဲ့အတွက် ထည့်သွင်း

ထားကြောင်း အိုဘားမား ၏ ရုံးအဖွဲ့က အတည်ပြု ခဲ့သည်။

အိုဘားမားက ကာကွယ်ရေးဌာန အတွင်းရေးမှူး ရောဘတ်ဂိတ်စ် ကိုလည်း လက်လွှတ် ခံမည်မဟုတ်ဘဲ အဖွဲ့ထဲတွင် ဆက်လက်ရှိနေစေမည်ဟု အတည်ပြုခဲ့သည်။ မူလက ဂိတ်စ်တစ်ယောက် ရာထူးမှ နှုတ်ထွက် တော့မည်ဟု သတင်းအချို့ ထွက်ပေါ် ခဲ့သေးသော်လည်း အိုဘားမားက ဂိတ်စ်မှာ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်များကို အနည်းဆုံး တစ်နှစ်မျှ ဆက်လက် ထမ်းဆောင် နေမည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ဆူဇန်ရိုက်စ် ကို ကုလသမဂ္ဂ အဖွဲ့ကြီး အတွက် အမေရိကန်ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ် ခဲ့ကြောင်း အိုဘားမားက ဆက်လက် ကြေငြာ သွားသည်။

ထို့အပြင် အနားယူခဲ့ပြီဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂျုန်းစ် ကိုလည်း ၎င်း၏ အမျိုးသား လုံခြံုရေး အဖွဲ့၏ ထိပ်တန်း အကြံပေး အဖြစ် ခန့်အပ် သွားမည်ဖြစ်ကြောင်း အိုဘားမား က အတည်ပြု ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here