ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်နိုင်ငံ သွား

Click to enlarge

မြန် မာနိုင်ငံ အစိုးရအဖွဲ့မှ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းသည် တရုတ်နိုင်ငံ သို့ သွားရောက် ခဲ့ကြောင်း သိရှိရသည်။ ၎င်းအား တရုတ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီး လင်ဂွမ်လီ က နိုဝင်ဘာလ (၁)ရက်နေ့က လက်ခံတွေ့ဆုံခဲ့သည်။ ကာကွယ်ရေး ၀န်ကြီး ဂွမ်လီက တရုတ် နှင့် မြန်မာ နှစ်နိုင်ငံတို့သည်

နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းမှုများ နှင့်အတူ ဆက်ဆံရေး မှာလည်း ပိုမိုတိုးတက် ခိုင်မြဲ လာနေသည်ဟု ပြောဆို ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာ အစိုးရနှင့် ရေရှည်လက်တွဲ ဆောင်ရွက် သွားနိုင်ရေး အမြဲတမ်း အဆင်သင့် ရှိနေ ကြောင်း ၀န်ကြီး က ဆိုသည်။ ယခုကဲ့သို့ ဗိုလ်ချုပ် သူရရွှေမန်း ချစ်ကြည်ရေးခရီး လာရောက်ခြင်းအား ကြိုဆိုပါ ကြောင်း၊ ယခု ခရီးစဉ် ကြောင့် နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများ ကြား ချစ်ကြည် ရင်းနှီးသော ဆက်ဆံမှုကို ပိုမို နွေးထွေး စေမည် ဟု မျှော်လင့် ပါကြောင်း ဂွမ်လီ က ပြောဆို ခဲ့သည်။

ဗိုလ်ချုပ်သူရ ရွှေမန်းကလည်း မြန်မာနှင့် တရုတ် တို့သည် အလွန်ရင်းနှီးသော အိမ်နီးချင်း မိတ်ဖက်နိုင်ငံများ ဖြစ်ကြ သလို အပြန်အလှန် လေးစားမှု လည်း ရှိကြကြောင်း၊ ထိုကဲ့သို့ ခိုင်မာသော ဆက်ဆံရေးမျိုးကို အနာဂါတ် မျိုးဆက်များ ထိ ဆက်လက် ထိန်းသိမ်းသွားရန် ကြံရွယ် ထားကြောင်း ပြောကြား သွားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ရပ်တည်မှုကို အမြဲတမ်း အထောက်အကူ ပြုခဲ့ သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မြန်မာ ဗိုလ်ချုပ်က ပြောဆို သွားခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here