ဆိုက်ဘာရာဇဝတ်မှု သတိပေးစနစ် သတ်မှတ် မည်

Click to enlarge

ရောပတွင် ဆိုက်ဘာရာဇဝတ်မှုများအတွက် အချက်ပြ သတိပေးစနစ်တစ်ခု သတ်မှတ်ပေးတော့မည်ဟု သိရှိရသည်။ ဥရောပ ယူနီယံက ဆိုင်ဘာ ရာဇဝတ်မှုများ ထူပြောလာခြင်းအား တုန့်ပြန်တိုက်ခိုက် သွားနိုင်ရေး အတွက် ယခုကဲ့သို့ ကြံစည်ခဲ့ခြင်း

ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူနီယံ၏ အဖွဲ့ဝင် (၂၇)နိုင်ငံလုံးတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး နိုင်ငံအစိုးရတိုင်းမှာ ထိုစနစ်တပ်ဆင်ရေး အသုံးစရိတ်အဖြစ် ယူရိုငွေ သုံးသိန်းစီ ရရှိနိုင်မည်ဟု သိရသည်။ ရဲများအနေနှင့် အင်တာနက် လုံခြံုရေးတွင် ပိုမိုနက်ရှိုင်းစွာ ပါ၀င်လာမည် ဖြစ်ပြီး မသင်္ကာဖွယ်ရာ အခြေအနေတိုင်းကို လျင်မြန်စွာ စစ်ဆေးနိုင် ရန်နှင့် သတိပေးချက် ထုတ်ပြန် နိုင်ရန် ယခုစနစ်သစ်က ကူညီနိုင်မည် ဟုဆိုသည်။

နောက်(၅)နှစ်ကြာမှ အပြီးသတ် အကောင်အထည် ပေါ်လာမည် ဖြစ်သော အဆိုပါ စီမံကိန်းအတွက် ယခု ကတည်းက အစပျိုးမှုများ ပြုလုပ် နေပြီဖြစ်ကြောင်း ဥရောပယူနီယံ က ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here