ကမ္ဘာ့တလွှားကောင်းကင်ယံ၌ အပြုံးမျက်နှာကို မြင်တွေ့ခဲ့ရ

Click to enlarge

ကြယ် ကြည့်သူများ က ကမာ္ဘတလွှား ဒေသအတော်များများတွင် ကောင်းကင်ထက်မှ အပြံုးတပွင့်အား မြင်တွေ့ ခဲ့ရကြောင်း ပြောကြား ခဲ့သည်။ ဒီဇင်ဘာလ (၁) ရက်နေ့ ည က ဗီးနပ်စ်န ှင့် ဂျူပီတာ တို့သည် ကောင်းကင်ထက် တွင် လခြမ်းကွေးလေး နှင့် နီးကပ်စွာ တည်ရှိ နေသဖြင့် အပြံုးမျက်နှာ တစ်ခုသဖွယ် ဖြစ်နေသော ကြယ်နှစ်ပွင့် နှင့် လတို့ကို နိုင်ငံများစွာမှ

တွေ့မြင်ခဲ့ရသည်။ Planetary conjunctionဟု ခေါ်သော ဂြိုဟ်များ နီးကပ်စေသည့် ဖြစ်စဉ်သည် ထိုနေ့ညက ထင်ထင်ရှားရှား ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ ကောင်းကင်တွင် အထင်ရှားဆုံး လင်းလက်နေသည့် အရာသုံးခုသည် အပြံုးတစ်ခု ကို ဖူးပွင့်စေခဲ့ကြောင်း ချီကာဂို မှ ကြယ်ကြည့် သူ တစ်ဦးက ပြောကြား ခဲ့သည်။

ထိုသို့သော ဂြိုဟ်များ နီးကပ်မှုသည် ယခု တစ်ကြိမ် တွင် ထင်ရှားစွာ ဖြစ်ခဲ့ ခြင်းကြောင့် အပြံုး သဏ္ဍန် ပီပီပြင်ပြင် ပေါ်လာခဲ့ခြင်း ဟု ပညာရှင်များ က ရှင်းပြ ခဲ့သည်။ သမိုင်း မှတ်တမ်းများ အရ ခရစ်တော် မပေါ်မီ( ၂) နှစ်ခန့်က အဆိုပါ ကောင်းကင်ပေါ်က အပြံုးမျိုး ပေါ်ပေါက် လာခဲ့ သေးကြောင်း သိရှိ ရသည်။ ယခုကဲ့သို့ ဖြစ်ရပ်မျိုးသည် အလွန်ကြံု ခဲသော ဖြစ်ရပ်မျိုး ဟုလည်း ပညာရှင်များ က ထုတ်ဖော် ပြောဆို သွားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here