Yahoo Search Team ကို ထိန်းချုပ်ရန် Microsoft ကြံစည်နေ

Click to enlarge

M icrosoft သည် Yahoo Search Team ကို အပြီးအပိုင် ထိန်းချုပ် နိုင်ရေး အတွက် ဦးဆောင် ညွှန်ကြားရေး အဖွဲ့တစ်ခု ဖွဲ့စည်း နိုင်ရန် စတင် ကြံစည် နေပြီ ဟု ဆန်းဒေးတိုင်းစ် သတင်းစာ က

ဖော်ပြခဲ့သည်။ အမေရိကန် အခြေစိုက် Online Search Service ကုမ္ပဏီသည် ရှယ်ယာများကို စတော့ဈေးကွက်တွင် ရောင်းချထားပြီး Microsoft က ၎င်း၏ အနာဂါတ်ပြိုင်ဘက် ဖြစ်လာနိုင်သည့် Google အား ထိုးနှက်ရန်အတွက် Yahoo ပိုင်ဆိုင်ခွင့်အား ကြိုးစားလာခြင်း ဖြစ်ဖွယ်ရှိသည်။

(၁၉၉၅) ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော အမေရိကန် အခြေစိုက် Yahoo  သည် အင်တာနက် ရှာဖွေရေးဝန်ဆောင်မှုတွင် ကမာ္ဘ့အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း Google၏ ဖြတ်ကျော်မှုကို ခံခဲ့ရသည်။ လက်ရှိအချိန်တွင် Microsoftမှာလည်း Google ၏ အားပြိုင်မှုကို တွန်းလှန်နေရပြီး တဖက်မှ ဖိအားပေးနိုင်ရန် Yahooပိုင်ဆိုင်ခွင့်အား စဉ်းစားလာခြင်းဖြစ်သည်။

Microsoft သည် အဆိုပါ အဖွဲ့အစည်း ဖြစ်မြောက်ရေးအတွက် အမေရိကန်ဒေါ်လာ (၅)ဘီလျံမျှအထိ အကုန်အကျခံသွားရန် စဉ်းစားထားသည်။ ဆန်းဒေးတိုင်းစ်၏ ဖော်ပြမှုနှင့် ပတ်သတ်ပြီး Microsoftဘက်မှ တရားဝင် ငြင်းချက်ထုတ်ထားခြင်း မရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here