Wrom အသစ်တစ်မျိုး MS Windows များကို တိုက်ခိုက်ဟု ကြေညာ

Click to enlarge

W ind32/Conficker.A ဟု အမည် ရသော Worm တစ်မျိုးသည် Microsoft ၏ Windows များမှ လုံခြံုရေး ဟာကွက်များကို အသုံးချကာ ထိုးဖောက် ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း Microsoft က ကြေငြာလိုက်သည်။ Microsoft အနေနှင့် အောက်တိုဘာလ အတွင်းက လုံခြံုရေး ဆိုင်ရာ Patch အသစ်တစ်ခု ထုတ်ဝေ ခဲ့သော်လည်း ထို Patch တွင် ပါ၀င်သည့် လုံခြံုရေး အားနည်းချက် အား

ထို Worm က အကောင်းဆုံး အသုံးချနေကြောင်း Microsoft က ကြေငြာခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းများအတွင်း အဆိုပါအဖျက် Worm ကြောင့် ထိခိုက်မှုမှာ သိသိသာသာ တိုးမြင့်လာနေကြောင်း Microsoft က သတိပေးခဲ့ပြီး Security Update MS08-067၏ ယိုယွင်းမှုမှတဆင့် ၀င်ရောက်နေကြောင်း ဖော်ပြထားသည်။ Malware အမျိုးအစားဖြစ်သည် ထို Worm သည် ကော်ပိုရေးရှင်း လုပ်ငန်းကြီးများတွင် အဓိကထိခိုက်စေသော်လည်း အိမ်သုံးကွန်ပျူတာများအထိ ပြန့်နှံ့လာစေကြောင်း Microsoft ၏ Malware ကာကွယ်ရေး ဌာနမှ အတည်ပြုပြောဆိုခဲ့သည်။ ထို Worm သည် jpeg ဖိုင်တစ်ခုအနေနှင့် Windows က စစ်ဆေးတွေ့ရှိပြီး Patchနှင့်အတူ ၀င်ရောက်လာကြောင်း၊ ကွန်ပျူတာအတွင်း ရောက်ရှိလာပါက Folder များအားလုံးကို dll ဟူသောအမည်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here