Microsoft သည် ယုံကြည်မှုကို အလွဲ သုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲ

Click to enlarge

ဒတ် ချ် နိုင်ငံ မှ Software ကုမ္ပဏီ တစ်ခု က Microsoft အနေ နှင့် ယုံကြည် အပ်နှံမှု ကို အလွဲ သုံးစားပြု ခဲ့ကြောင်း စွပ်စွဲ လိုက်သည်။ Microsoft က အဆိုပါ ကုမ္ပဏီ ပိုင်ရှင် ဆမ်မရီ အက်ဘ်ဒဲလာ က Microsoft ၏ ဈေးနှုန်းဆိုင်ရာ သတ်မှတ်ချက် များ တွင် ဥရောပ တွင် ပြဌာန်း ထားသည့် ယုံကြည်မှုဆိုင်ရာ ဥပဒေ လုပ်ထုံးများ နှင့်

မလျော်ညီကြောင်း ထောက်ပြခဲ့သည်။

ကုမ္ပဏီရှေ့နေဖြစ်သူ ဗန်ဒါ၀ဲလ်က ဈေးနှုန်း ကွာဟ မှုများကို ထောက်ပြ ခဲ့ပြီး Microsoft သည် ဈေးနှုန်းကွာဟမှုအတွက် များစွာ တာဝန် ရှိကြောင်း အပြစ် တင်ခဲ့ သည်။ Microsoft ၏ ထုတ်ကုန် များသည် အမေရိကန် နှင့် ဥရောပ တို့တွင် ဈေးနှုန်း ကွာဟချက် (၃၀) ရာခိုင်နှုန်း မှ (၅၀) ရာခိုင်နှုန်း အထိရှိကြောင်း ဥရောပ ကော်မရှင် သို့ အကြောင်းကြားခဲ့သည်။

အဆိုပါအခြေအနေအတွက် ဥရောပ ဒေသတွင် Microsoft အနေနှင့် ဈေးနှုန်း ဆိုင်ရာ ယုံကြည်မှုများ ကို ချိုးဖောက် ရာ ရောက်ကြောင်း၊ Microsoft သည် အဆိုပါ အခြေအနေ အတွက် ကောင်းမွန်သော ဖြေရှင်းမှုတစ်ခု ပြုလုပ် ပေးရန် လိုအပ် နေပြီဖြစ်ကြောင်း အက်ဘ်ဒဲလာ က ကော်မရှင် သို့ တင်ပြ တောင်းဆို ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here