Frozen River ရုပ်ရှင် ဇာတ်ကား ဂုဏ်ပြု ဆုရရှိ

Click to enlarge

ရေ ခဲမြစ် (Frozen River) ရုပ်ရှင် အား ဆွီဒင်နိုင်ငံ စတော့ဟုမ်းလ် မြို့တွင် ကျင်းပ ခဲ့သည့် (၁၉) ကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အတွင်း ဂုဏ်ပြုဆု ပေးအပ် ချီးမြှင့် ခဲ့ကြ သည်။ ကော့တနီဟန့်တ် ၏ လက်ရာ ဖြစ်သော ရေခဲမြစ်အတွက် (၁၆) ပေါင်လေးသော ကြေးမြင်းရုပ် ကို အကဲဖြတ် လူကြီးများ

က ပေးအပ် ခဲ့ကြ သည်။ ယခုနှစ်ပွဲတော်၏ ဆုရွေးချယ်ရေး လူကြီးများအဖြစ် ဂျောင်ဒိုနာ၊ အီလင်ကလင်ဂါ၊ ရှယ်ရွန်ဆွတ်၊ ကာရင်မာမာ အန်ဒါဆန်နှင့် အဲရစ်ခ် ရစ်ချ်တာစတန်း တို့က ဆောင်ရွက် ခဲ့သည်။ အကဲဖြတ် လူကြီးများ က ဟန့်တ် ၏ ဇာတ်ကား သည် လူနေမှု ဘဝ တစ်ခုကို အကောင်းဆုံး ထင်ဟပ်ပြသ ထားကြောင်း ချီးကျူး ပြောကြား ခဲ့သည်။

ထိခိုက် လွယ်သော အခြေအနေ တစ်ရပ်အား သရုပ်ပေါ် အောင် ချယ်မှုန်း ထားကြောင်း အကဲဖြတ် လူကြီးများ က ပြောကြား ခဲ့သည်။ ထိုပွဲတော် တွင် Hunger ဇာတ်ကား ဖြင့် ဒါရိုက်တာ ထူးချွန်ဆု အား စတိဗ်မက်ကွင်း က ရရှိ ခဲ့သည်။ ထို့ပြင် ဂျွန်နီမက်ဒေါ့ဂ် မှာလည်း ဂျင်းစတီဖန်ဆော်ဗရီ ကလည်း Johnny Mad Dog ဇာတ်ကား အတွက် အထူးဆု ကို ရရှိ ခဲ့သည်။ ဇူဇနာဘစ်ဇော့ဗ်စကား က မင်းသမီးဆ ုနှင့် မိုက်ကယ်ဖက်စ်ဘန်ဒါ က မင်းသားဆု အတွက် ရွေးချယ် ခံရသည်။

ဇာတ်လမ်း တို အကောင်းဆုံး ဆုကိုမူ မာရီယန် ခရစ်ဆန်က Megatronဇာတ်ကား ဖြင့် ဆွတ်ခူး နိုင်ခဲ့ သည်။ ထို့ပြင် ခရစ်စတာ လင်ဒါ က Downloading Nancy ဇာတ်ကား ဖြင့် အကောင်းဆုံး ဂီတဆု ကို ရရှိ ခဲ့သလို အဲရစ်ဟမ်မာဒေါ့ဖ် နှင့် ရူဘန်အော့စလွန်း တို့က အကောင်းဆုံး ဓာတ်ပုံဆု အား ပိုင်ဆိုင် နိုင်ခဲ့ ကြ သည်။ ဆွီဒင် မှ အလက်ဇန်းဒါး ဒဲလ်စထရွမ်း မှာ Come Here အတွက် အကောင်းဆုံး လူသစ်တန်း အနုပညာ ရှင်ဆု အား ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here