အမေရိကန်ရောက် မြန်မာများ ကျေးဇူးတော် နေ့ ဆင်နွှဲ

Click to enlarge

မေရိကန် နိုင်ငံ ဟန်နီစ်ဗီးလ် မြောက်ပိုင်း မာဒင်မြတ်ကျော် ၏ အိမ်တွင် နေထိုင် နေသော မြန်မာ ဒုက္ခသည် (၁၀၀) ကျော်တို့သည် ကျေးဇူးတော် နေ့ အခမ်း အနား ကို ဆင်နွှဲ ခဲ့ကြောင်း သိရှိ ရသည်။ အမေရိကန်သို့ ရောက်ရှိနေသော မြန်မာတို့သည် ဘုရားသခင်၏ ကောင်းချီးပေးမှုကို ခံယူကြောင်း၊ အသက်ရှင် ရပ်တည်မှု နှင့် နေထိုင်ရာ နယ်မြေသစ်တို့ကို

ဖန်တီး ပေးခဲ့သည့် အတွက် ဘုရားသခင်၏ တန်ခိုးတော်ကို ချီးကျူး ကြောင်း ကရင်ဘာသာဖြင့် သီဆို ဂုဏ်ပြုခဲ့ကြသည်။

မာဒင်မြတ်ကျော်မှာ နှစ်စဉ်ကျေးဇူးတော် ခံယူပွဲကို ၎င်း၏အိမ်တွင် မြန်မာမိတ်ဆွေများ စုစုစည်းစည်းနှင့် ကျင်းပခဲ့သည်မှာ (၄)နှစ်မျှ ရှိပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထိုကျေးဇူးတော် ခံယူခြင်း ပျော်ပွဲရွှင်ပွဲတွင် ကြက်ဆင်သားများ၊ အခြားဟင်းပွဲများကို တပျော် တပါး စားသောက် ခဲ့ကြပြီး ဘုရားသခင်၏ ကျေးဇူးတော် ကို အောင်းမေ့ ခဲ့ကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here