ဟီလာရီကလင်တန် အား တရားဝင် မိတ်ဆက်မည်

Click to enlarge

မေရိကန် နိုင်ငံ သမ္မတ သစ် ဖြစ်သူ ဘာရတ် အိုဘားမား က ၎င်း ၏ အစိုးရ အဖွဲ့အတွင်း သို့ ဟီလာရီ ကလင်တန် ပူးပေါင်း ပါ၀င်လာ မှု အား ဒီဇင်ဘာလ (၁) ရက်နေ့ တွင် တရားဝင် မိတ်ဆက် ပွဲကျင်းပ ပေးမည် ဟု

သိရ သည်။ ဟီလာရီ သည် အစိုးရ အဖွဲ့အတွင်း ဩဇာ ကြီးမား သလို မဟာဗျူဟာ ဆွေးနွေးမှု များ ပြုလုပ်သွား ရမည်ဟု အိုဘားမား က ပြောဆို ခဲ့သည်။ အမေရိကန် နိုင်ငံ အစိုးရ အဖွဲ့၏ အတွင်း ရေးမှူး နှင့် ကာကွယ်ရေး ၀န်ကြီး တာဝန် တို့ကို ပူးတွဲ ထမ်းဆောင် ရမည့် ဟီလာရီအား အိုဘားမား က အခမ်း အနား နှင့် ရာထူး ချီးမြှင့် မည် ဟု ဆို သည်။

ချီကာဂို သတင်းစာ ရှင်းလင်းပွဲ တွင် ဒီမိုကရက် ပါတီ မှ အာဏာပိုင်များ က ထိုသတင်း ကို အတည်ပြု ခဲ့ပြီး ကာကွယ်ရေး အတွင်းရေးမှူး ရောဘတ်ဂိတ်စ် သည်လည်း ၎င်း ၏ ရာထူး နေရာတွင် ဆက်လက် တည်မြဲ နေမည်ဟု ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here