ရွှေဝါရောင် တော်လှန်ရေး အတွင်း သတင်းထောက် တို့ ဘဝ သရုပ်ဖော် ဇာတ်ကား ဆုရ

Click to enlarge

R eporting From A Closed Country ဇာတ်ကားသည် နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် International Documentary Festival Amsterdam ရုပ်ရှင် ပွဲတော်တွင် VPRO Joris Ivens Award 2008 ဆုအား ပေးအပ် ချီးမြှင့် ခြင်း ခံခဲ့ရကြောင်း သတင်း ရရှိသည်။

 

ထိုဇာတ်ကားသည် (၂၀၀၇) ခုနှစ် စက်တင်ဘာ လအတွင်းက မြန်မာ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရဟန်း သံဃာတော် တို့၏ ဆန္ဒပြ မှုများ အား မြန်မာ စစ်အာဏာပိုင် တို့က ဖြိုခွင်းမှု ကို သတင်းထောက် အဖွဲ့တစ်ဖွဲ့က ကြိုးစား မှတ်တမ်း တင်မှု အား ဇာတ်လမ်း ဆင် ရိုက်ကူး ထားခြင်း ဖြစ်သည်။

ဖြစ်ပျက် ခဲ့သည့် ဆိုးရွား သော အနိဌာရုံ ဖြစ်ရပ် ဆိုးများ အတွက် ၀မ်းနည်း အောက်မေ့ စေကြောင်း ဆုရွေးချယ်ရေး အဖွဲ့က အဆိုပါ ရုပ်ရှင် နှင့် ပတ်သတ်ပြီး မှတ်ချက် ပြုခဲ့ သည်။ ထို ရုပ်ရှင် အား ရုပ်ရှင် ပွဲတော် သို့ လာရောက် ခဲ့သော ပရိသတ်များ ကလည်း ကြိုက်နှစ် သက်ကြပြီး သောင်းသောင်း ဖြဖြ အားပေး ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here