မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တင်းမာ နေခြင်းမရှိဟု မြန်မာ သံအမတ်ကြီး ငြင်းဆို

Click to enlarge

ဒါ ကာမြို့ရှိ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦး က မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တို့ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ နေသည် ဆိုသော သတင်းများ ကို ငြင်းဆန် သွားခဲ့ သည်။ နှစ်နိုင်ငံ အကြား အရှုပ်အထွေး မရှိပါဟု သံအမတ်ကြီး ကဆိုသည်။ နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုင်ဆိုင်မှု အတွက် နားလည်မှု လွဲမှား နေကြသည် များမှာ ညှိနှိုင်းရေး လမ်းစဉ် များဖြင့် အပြီးသတ် ဆောင်ရွက် သွားနိုင်မည်ဟု ဦးဖေသန်းဦး က ပြောကြား ခဲ့သည်။

ဘန်ဒါဘန်သို့ တစ်ရက်ကြာ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းစွာ ဖြေရှင်းမှုမျိုး ပြုလုပ်နိုင်လိမ့်မည်ဟု ဦးဖေသန်းဦး ကဆိုသည်။ နှစ်နိုင်ငံလုံးသည် အခြေအနေကို ငြိ်မ်းငြိမ်းချမ်းချမ်း အဆုံးသတ်ရန်သာ လိုလားကြကြောင်း သံအမတ်ကြီးက ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် အပြီးသတ် သဘောတူညီမှုမျိုး မချမှတ်ရသေးသည့်တိုင် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့များသည် နောက်တစ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်သွားဦးမည်ဟု ဦးဖေသန်းဦးက နိုဝင်ဘာလ (၃၀)ရက်နေ့က အတည်ပြု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here