နော်ဝေနိုင်ငံ သည် ကျားမ အခွင့်အရေး အမျှတ ဆုံးနိုင်ငံဖြစ်

Click to enlarge

နော် ဝေနိုင်ငံ သည် ကမာ္ဘ့နိုင်ငံများ အနက် လိင် အခွင့်အရေး အမျှတဆုံး နိုင်ငံအဖြစ် ရွေးချယ် ခံရကြောင်း သိရှိ ရသည်။ ကျား၊မ အခွင့်အရေး အညီ အမျှရှိမှု အတွက် နိုင်ငံပေါင်း (၁၃၀) ကို စစ်တမ်း ကောက်ယူခဲ့ရာ နော်ဝေး မှာ အခြား အိမ်နီးချင်း နော်ဒစ် (၃) နိုင်ငံကို ကျော်ဖြတ် ကာ ထိပ်ဆုံး မှ ရပ်တည် နိုင်ခဲ့

သည်။ ယမန်နှစ် က အဆိုပါစာရင်းတွင် တတိယသာ ရှိနေသော်လည်း ယခုအခါတွင် လိင်အခွင့်အရေး ကွာခြားမှု ရမှတ်တွင် (၈၂.၄၅)ထိရရှိခဲ့ပြီး ထိပ်ဆုံးသို့ ရောက်ရှိ လာခဲ့သည်။

အဆိုပါရမှတ်များတွင် အမျိုးသားနှင့် အမျိုးသားများကြား အခွင့်အရေး ကွာခြားမှုများကို သတ်မှတ်ထားသည်။ နော်ဝေး၏နောက်တွင် ဖင်လန်၊ ဆွီဒင်နှင့် အိုက်စ်လန်တို့က ဆက်တိုက်ရပ်တည်နေသည်။ ယမန်နှစ်က အဆိုပါစာရင်းတွင် ဆွီဒင်သည် ထိပ်ဆုံးနေရာမှ ရှိနေခဲ့သော်လည်း ယခုအခါ နံပါတ်(၃)ထိ ပြန်ဆင်းသွားသည်။

စာရင်းများကို ဖြစ်နိုင်ချေ အနေအထားဖြင့်သာ ကောက်ခံထားနိုင် ခြင်းဖြစ်ကြောင်း စာရင်းပြုစုသည့် အဖွဲ့ကဆိုသည်။ နိုင်ငံတကာ ယဉ်ကျေးမှုများအရ နော်ဒစ်ဒေသ နိုင်ငံများသည် လိင်အခွင့်အရေး တန်းတူရှိမှု အများဆုံးဖြစ်ကြောင်း နော်ဝေးနိုင်ငံ၏ အခွင့်အရေး ညီမျှမှုဆိုင်ရာ ၀န်ကြီးဖြစ်သော အန်နီကန်ဟွက်ဖက်လ်ဒ်က ဂုဏ်ယူစွာ ပြောဆို ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here