ဆွီဒင် ဆရာဝန် သုံးပုံ တစ်ပုံ ဆေးထိုး သတ်ရန် တောင်ဆို မှုကို လက်ခံ

Click to enlarge

ဆွီ ဒင်နိုင်ငံ မှ ဆရာဝန်များ ၏ (၃၅) ရာခိုင် နှုန်းခန့် သည် လူနာများ ၏ ဆေးထိုး သတ်ရန် တောင်းဆိုမှု ကို လက်ခံ သင့်သည် ဟု ယုံကြည် နေကြ ကြောင်း သိရှိ ရသည်။ ရောဂါ ပြင်းထန် ပြီး သေရ မည့် နေ့ ကို စောင့်မျှော် နေရသော လူနာများ နှင့် အသိစိတ် ကင်းလွတ် ပြီး Coma ၀င်နေသော လူနာများအား ဆေးထိုးခြင်း ဖြင့် သက်သာ သောနည်းဖြင့်

သေဆုံးစေခြင်းအား euthanasia ဟု ခေါ်ဝေါ် ကြသည်။

ဆွီဒင် မှ ဆရာဝန် သုံးဦး အနက် တစ်ဦးသည် လူနာများ၏ တောင်းဆိုမှု ရှိလာပါက euthanasia ကို လိုက်လျော သင့်သည်ဟု ယုံကြည်နေကြောင်း နိုင်ငံ ၏ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များ က စစ်တမ်း ကောက်ခံ ရရှိ ခဲ့သည်။ လက်ရှိ အခြေအနေတွင် euthanasia ကို တရားဝင် တားမြစ် ထားသော်လည်း ထို တားမြစ်ချက် အား ဆန့်ကျင်မှုများ သည် ပိုမို အင်အား ကြီးထွား လာကြောင်း ကျန်းမာရေး ဌာနက ပြောဆို ခဲ့သည်။

အထူး သဖြင့် စိတ် ရောဂါ ကု ဆရာဝန်များ နှင့် အသက်ကြီး ရင့် သော ဆရာဝန်များ သည် ရောဂါ ဒါဏ် ကို အလူးအလဲ ခံစားနေရသည့် လူနာများ အား ငြင်ငြင် သာသာ အသက်ကုန်စေသော နည်းလမ်းမျိုး လိုက်လျောသင့် သည်ဟု အမြင်ရှိ နေတတ် ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here