Wrom အသစ်တစ်မျိုး MS Windows များကို တိုက်ခိုက်ဟု ကြေညာ

Click to enlarge

W ind32/Conficker.A ဟု အမည်ရသော Worm တစ်မျိုးသည် Microsoft၏ Windows များမှ လုံခြံုရေး ဟာကွက်များကို အသုံးချကာ ထိုးဖောက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း Microsoftက ကြေငြာလိုက်သည်။ Microsoft

အနေနှင့် အောက်တိုဘာလ အတွင်းက လုံခြံုရေးဆိုင်ရာ Patchအသစ်တစ်ခု ထုတ်ဝေခဲ့သော်လည်း ထို Patch တွင် ပါ၀င်သည့် လုံခြံုရေး အားနည်းချက်အား ထို Worm က အကောင်းဆုံး အသုံးချနေကြောင်း Microsoft က ကြေငြာခဲ့သည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း အဆိုပါအဖျက် Worm ကြောင့် ထိခိုက်မှုမှာ သိသိသာသာ တိုးမြင့်လာနေကြောင်း Microsoftက သတိပေးခဲ့ပြီး Security Update MS08-067 ၏ ယိုယွင်းမှုမှတဆင့် ၀င်ရောက်နေကြောင်း ဖော်ပြထားသည်။ Malware အမျိုးအစားဖြစ်သည် ထို Worm သည် ကော်ပိုရေးရှင်း လုပ်ငန်းကြီးများတွင် အဓိကထိခိုက်စေသော်လည်း အိမ်သုံးကွန်ပျူတာများအထိ ပြန့်နှံ့လာစေကြောင်း Microsoft၏ Malware ကာကွယ်ရေး ဌာနမှ အတည်ပြုပြောဆိုခဲ့သည်။

ထို Worm သည် jpeg ဖိုင်တစ်ခု အနေနှင့် Windows က စစ်ဆေးတွေ့ရှိပြီး Patch နှင့်အတူ ၀င်ရောက်လာကြောင်း၊ ကွန်ပျူတာအတွင်း ရောက်ရှိလာပါက Folder များအားလုံးကို dll ဟူသောအမည်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here