အသုံးအများဆုံး Web Browser အဖြစ် FireFox

Click to enlarge

F irefoxသည် Internet Explorer အား ပထမဆုံးအကြိမ် ဖြတ်ကျော်သွား ပြီဖြစ်သည်။ စစ်တမ်းများအရ Firefox အသုံးပြုသူ ဦးရေသည် IE ကို စွဲစွဲလန်းလန်း အသုံးပြုနေသူ ဦးရေထက် ပထမဆုံးအကြိမ်အဖြစ် သာလွန်သွားကြောင်း သိရှိရသည်။

Web browser လောကတွင် ထိပ်တန်းအပြိုင်ဖြစ်နေသော အဆိုပါ Application နှစ်ခု၏ အားပြိုင်မှုတွင် Firefox က နှာတဖျားမျှ အသာစီး ရလာခဲ့သည်။ သို့သော်လည်း တတိယနေရာမှ Operaမှာ ထိပ်ဆုံး Browser နှစ်ခုနှင့် မယှဉ်သာအောင် ပရိသတ် အင်အား ကွာခြားကြောင်း သိရ ှိရသည်။

လက်ရှိကမာ္ဘပေါ်တွင် လူသုံးအများဆုံး Browser များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ Firefox 45.67%

၂။ Internet Explorer 44.82%

၃။ Opera 3.52%

၄။ Safari 2.46%

၅။ Chrome 2.12%

၆။ Mozilla 1.00%

၇။ SeaMonkey 0.21%

၈။ Konqueror 0.05%

၉။ Netscape 0.04%

 

Microsoft မှ ထုတ်လုပ်သော Internet Explorer အနေနှင့် Web Browser လောကတွင် ထိပ်တန်း ဦးဆောင်သူ နေရာအား လက်လွှတ် ခဲ့ရသော်လည်း Operation System များ ထုတ်လုပ် ရောင်းချသည့် နေရာတွင်မူ Windows OS များက ပြိုင်ဘက်မရှိ လွှမ်းမိုးထားဆဲဖြစ်သည်။ သို့သော်လည်း ဈေးကွက်အတွင်း iPhone နှင့် iPod တို့၏ OS များပါ ၀င်ရောက်လာခြင်းမှာ Microsoft အတွက် သတိထား စရာ အခြေအနေ တစ်ခု ဖြစ်လာ ခဲ့သည်။ ကမာ္ဘ့အရောင်းရ အတွင်ကျယ်ဆုံး Operation System များ စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ Windows 92.32%

၂။ Macintosh 4.16%

၃။ Linux 2.95%

၄။ (not set) 0.28%

၅။ iPhone 0.17%

၆။ iPod 0.07%

၇။ SymbianOS 0.03%

၈။ Playstation 0.01%

၉။ Danger Hiptop 0.01%

၁၀။ FreeBSD 0.01%

LEAVE A REPLY

Please enter your comment!
Please enter your name here