နယူးယော့ခ်ရှိ Wal-Mart အရောင်းဆိုင်ဝန်ထမ်း လူပိသေ

Click to enlarge

မေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ Wal-Mart အရောင်းဆိုင် တစ်ဆိုင် မှ ၀န်ထမ်း တစ်ဦး လူပိ သေဆုံး ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ (၂၈) ရက်နေ့ မနက်ခင်းက ကျေးဇူးတော်နေ့ အထိမ်း အမှတ် အထူး လျှော့ဈေး အရောင်းပွဲအတွက် ဆိုင်ရှေ့တွင် လာရောက် စောင့်ဆိုင်း နေသည့် လူအုပ်ကြီး မှာ ဆိုင်တံခါး ကို

ဆွဲဖွင့်ကြပြီး အလျင်အမြန် အလုအယက် တိုးဝှေ့ဝင်ကြ ရာမှ အဆိုပါ ၀န်ထမ်း ခမျာ ဖိညပ် မိပြီး သေဆုံး သွားခြင်း ဖြစ်သည်။

လူအုပ်ကြီး ၏ ဒါဏ်ကြောင့် တံခါးများ ကျိုးသွားပြီး သေဆုံးသူ အသက်(၃၅) နှစ်အရွယ် ၀န်ထမ်း ၏ ကိုယ်ရေး အချက် အသေးစိတ် ကိုမူ မသိရ သေးပေ။ ဂရင်းအက်စ် ရှိ အဆိုပါ စတိုးမှ ၀န်ထမ်း အား အနီးဆုံး ဆေးရုံသို့ ပို့ဆောင် ခဲ့သေး သော်လည်း အသက်မမီ တော့ချေ။ ၎င်း သေဆုံးကြောင်း နံနက် (၆) နာရီတွင် ဆေးရုံ မှ အတည်ပြု ကြေငြာ ခဲ့သည်။

အရောင်းဆိုင် ၀န်ထမ်း တစ်ဦး ဖြစ်သူ ကင်ဘာလေကရစ်ဘ် က မနက်(၅) နာရီလောက် ကတည်း က လူအုပ်ကြီး သည် ဆိုင်တံခါး ကို ဖွင့်လှစ် နိုင်ရေး အသည်းအသန် ကြိုးပမ်း ကြကြောင်း၊ လူ အများ အပြား တိုးဝှေ့ဝင်ရောက်လာရာ လူအတော် များများ အလဲလဲ အပြိုပြို ဖြစ်ကြ သည်ကို မြင်ခဲ့ ကြောင်း ပြောကြား ခဲ့သည်။ အလွန် ကြောက်စရာ ကောင်းသော အဖြစ်အပျက် မျိုး ဟု ကင်ဘာလေ က ဖြည့်စွက် ပြောဆို သွားသည်။ နယူးယော့ခ် ရဲတပ်ဖွဲ့ကမူ သေဆုံးသူ ၏ ဇာတိ ဇစ်မြစ် ကို မခန့်မှန်း နိုင်သေး ကြောင်း ကြေငြာ ချက် ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here