Verizon ၏ ဝန်ဆောင်မှုအသစ် မိတ်ဆက်

Click to enlarge

V erizon က ၎င်း ၏ ဖောက်သည်များ အတွက် ၀န်ဆောင်မှုအသစ်တစ်ခုကို မိတ်ဆက် ပေးလိုက်သည်။ မကြာသေးမီ က ရွေးကောက် တင်မြှောက်ခြင်း ခံထားရသော အမေရိကန် သမ္မတသစ် ဘာရတ်အိုဘားမား ၏ မိုဘိုင်းလ်ဖုန်း မှတဆင့် ကြေငြာချက်များကို

Verizon Wireless အားပေးသူများ က အလျင်အမြန် ရရှိမည်ဖြစ်သည်။

Verizonသည် အိုဘားမား အတွက် ကိုယ်ရေး မိုဘိုင်းလ် ပြန်ကြားရေး Account တစ်ခု ဖွင့်ပေးထားပြီး အဆိုပါ မိုဘိုင်းလ်ဖုန်း Account တွင် အသံဖမ်းယူ မှုမှလွဲပြီး email နှင့် အခြား application များ ထည့်သွင်း ထားမှုမရှိပေ။ ထို့ကြောင့်လည်း အိုဘားမား နှင့် အစိုးရအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာ ထိုးဖောက်မှုမျိုး ပြုလုပ် နိုင်မည် မဟုတ်ပေ။ Verizon ၏ ဖောက်သည် တစ်ဦး အနေနှင့် အသံသွင်းပေးပို့မှု ပြုလုပ်ထားပြီး အိုဘားမား ဘက်မှ ပြန်ကြား ပေးမည်ဟု Verizon ၏ အကြီးအကဲ လိုဝဲလ်မက်အဒမ်က ပြောကြား ခဲ့သည်။

အဆိုပါ ပြန်ကြားချက်များကို အသုံးပြုသူများအနေနှင့် မူပိုင်ခွင့်မယူဘဲ လွတ်လပ်စွာ ဖြန့်ဝေ နိုင်မည်ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုကို လပေါင်း အတန်ကြာ ခွင့်ပြု ထားမည်ဟု Verizon က ထုတ်ဖော် ကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here