Microsoft ၏ ဆာဗာများကို ပြောင်းလဲမည်

Click to enlarge

M icrosoft သည် ၎င်း၏ Server များကို kumo.com အမည်ရှိ Domain အောက်တွင် အသုံးပြုနေသော်လည်း မကြာမီတွင် Cloud ဟု အမည်ပေးထားသော Service အသစ်ကို အသုံးပြု သွားတော့မည် ဖြစ်သည်။

Microsoft က Cloud Service ကို Business ရေးရာများအတွက် အဓိကအသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ .NET application များအတွက် အဓိကရည်ရွယ်ထားသော အဆိုပါ Service သည် သုံးစွဲသူများအတွက် စိတ်ကျေနပ်မှု ပိုမိုရရှိစေမည်ဟု Microsoft က ကြေညာ သည်။

Windows Azure တွင် platform အဖြစ် အသုံးပြုထားသည့် Cloud Service အတွက် အသုံးပြုသူများ နှစ်သက်ကြမည်ဟု ယုံကြည်ထားကြောင်း Microsoft က ထည့်သွင်းပြောဆိုခဲ့သည်။ ထို့ပြင် နောက်ထပ် Cloud Service များလည်း ထပ်မံဖြည့်စွက်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ Microsoft က ပြောကြားခဲ့ရာတွင် လက်ရှိအသုံးပြုနေသော Kumo ဆိုသော Domain သည် ဂျပန်ဘာသာ စကားဖြစ်ပြီး ပင့်ကူ(သို့မဟုတ်) မိုးတိမ်ဟု အဓိပ္ပါယ်ရကြောင်း ပါရှိသည်။

ယခုအခါတွင် အဆိုပါအဓိပ္ပါယ်အတိုင်း အင်္ဂလိပ်ဘာသာဖြင့် Cloud (မိုးတိမ်) ဟူသော Domain ကို ဆက်လက် အသုံးပြု သွားရန် ရည်ရွယ်ထားကြောင်း Microsoft က အတည်ပြု ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here