Mac ကွန်ပျူတာနှင့် iPod များ ဈေးနှုန်းကန့်သတ်

Click to enlarge

B lack Friday ဈေးရောင်းပွဲခေါ် ကျေးဇူးတော်နေ့ အထူးဈေးရောင်းပွဲအတွင်း Mac ကွန်ပျူတာများနှင့် iPod များ ရောင်းချမှုအား Apple မှ ဈေးနှုန်း ကန့်သတ် လိုက်ကြောင်း

သိရှိရသည်။ ကျေးဇူးတော် အောက်မေ့ခြင်း အထိမ်း အမှတ်အဖြစ် ကျေးဇူးတော်နေ့ နောက်တစ်ရက် တွင် အထူး ဈေးရောင်းပွဲများ ကျင်းပ လေ့ရှိကြသည်။

Apple က ၎င်း၏ထုတ်ကုန်များအား လျှော့ဈေးဖြင့် ရောင်းချမှုအား ဈေးနှုန်း ကန့်သတ်လိုက်ခြင်းအပေါ် တစုံတရာ ဖြေရှင်းချက်မျိုး မပေးခဲ့ချေ။ ၎င်းတို့အနေနှင့် အသေးစိတ် မသိရှိရကြောင်း Apple မှ ၀န်ထမ်းတစ်ဦးက ပြောကြား သွားသည်။ Apple သည် အဆိုပါနေ့အတွင်း ၎င်း၏ထုတ်ကုန်များကို (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းဖြင့် ဈေးလျှော့ ရောင်းချ မည်ဖြစ်ပြီး ယခု ဈေးနှုန်း လျှော့ချမှုအား Apple ဖောက်သည်များက ကျေနပ်မည်ဟု ယုံကြည်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အထူးလျှော့ဈေးအား ကန့်သတ်ခဲ့သည်တိုင် Apple စတိုးများ မဖွင့်မီ ကတည်းက ဆိုင်များ ရှေ့တွင် မနက်ခင်း ကတည်းက လူပြည့် နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here