စင်္ကာပူ၌ internet အခြေခံ ပညာရေး စနစ်များ သင်ကြားရန် စည်းကမ်းထုတ်

Click to enlarge

မူ လတန်းကလေးများကို စာသင်ကြားပို့ချမည့် ဆရာ၊ ဆရာမများအားလုံး အင်တာနက် အခြေခံ tool များအား သိရှိနားလည်အောင် သင်ကြားထားရမည်ဟု

စင်္ကာပူနိုင်ငံက စည်းကမ်း သတ်မှတ် လိုက်သည်။ ချူချာကန် မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများသည် ယခုသီတင်းပါတ်အတွင်း အင်တာနက် အခြေခံအသုံးပြုမှု သင်တန်းများ သွားတက်ခဲ့ရကြောင်း သိရသည်။

Wokingham တွင် ကိုယ်ပိုင်ကွန်ယက်ဖြင့် ကလေးများ အင်တာနက် အသုံးချတတ်အောင် သင်ကြားပေးနေသလို ဆရာ၊ ဆရာမများကိုလည်း အင်တာနက် tool များနှင့် ပတ်သတ်ပြီး သင်ကြားပေးသွားမည်ဟု သိရသည်။ အဆိုပါ သင်ကြားမှုအရ ကျောင်းသင််ပို့ချမှုကို Online ချိတ်ဆက်မှုနှင့် ရောစပ်သွားရန် အကောင်အထည်ဖော်မည့် ခြေလှမ်းသစ်အဖြစ် စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

Wokingham ကောင်စီမှ ဒေးဗစ်ကိုဂန်က ကလေးငယ်များမှ စတင်ပြီး အင်တာနက်နှင့် ထိတွေ့မှုရှိစေရန် ပျိုးထောင်ပေးမည့် စင်္ကာပူ၏ ပညာရေး အစီအစဉ်မှာ အလွန်ကောင်းမွန်ကြောင်းနှင့် တနင်္လာနေ့က ရောက်ရှိလာသော ဆရာ၊ ဆရာမများကို လိုအပ်သမျှ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here