IIS စီမံကိန်း အောင်မြင်စွာ ပြီးဆုံး

Click to enlarge

အန် ဒဲဗားအာကာသ ယာဉ်မှ နက္ခတ် ဗေဒ ပညာရှင် များ သည် အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း(ISS) အား နိုဝင်ဘာလ (၂၈) ရက်နေ့ က စွန့်ခွာ ခဲ့ပြီ ဖြစ် သည်။ ၎င်း တို့သည် ကာလ ရှည်ကြာစွာ ခေတ်မီ မွမ်းမံ မှုများ ပြုလုပ် ခဲ့ရသည်

ISS အဆင့်မြှင့်တင် ရေး စီမံကိန်းကြီး အား အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့ ပြီဖြစ် သည်။

ယာဉ်မှူး အဲရစ်ဘိုး သည် အန်ဒဲဗား ၏ ပြုပြင်မှုများ ပြီးဆုံး ပြီး ISS နှင့် ချိတ်ဆက် ထားမှု မှ ယာဉ်အား ပြန်ဖြုတ် လိုက်ပြီဟု သတင်း ပို့ခဲ့သည်။ အန်ဒဲဗား အနေ နှင့် ISS တွင် တာဝန် ထမ်းဆောင် နိုင်မည့် အာကာသ သုတေသန ပညာရှင် အရေအတွက် (၆) ဦးအထိ တိုးမြှင့် နိုင်ရေး အတွက် အိပ်ခန်း အသစ် နှစ်ခု၊ ဆီးမှ ရေအဖြစ် ပြန်လည် သန့်စင်ရေး စနစ်သစ်၊ ဒုတိယမြောက် အိမ်သာနှင့် ပထမဆုံး ရေခဲ သေတ္တာ တို့ကို အောင်မြင်စွာ တပ်ဆင် နိုင်ခဲ့ပြီ ဖြစ်သည်။

နာဆာ က အန်ဒဲဗား အာကာသ ယာဉ်မှူးများ ၏ အားထုတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း တရားဝင် ပြောကြား ခဲ့သည်။ အာကာသယာဉ်မှူး အဲရစ်ဘိုး က ကမာ္ဘမြေ သို့ ပြန်ရောက် ချိန်တွင် ကာလရှည်ကြာစွာ ခွဲခွာ နေရသည့် မိသားစု များ နှင့် ပြန်တွေ့ မည့် အရေး အတွက် ရင်ခုန် နေမိကြောင်း ကမာ္ဘမြေ မှ အာကာသ စခန်းသို့ ပြောကြား ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here