AIDS ဝေဒနာရှင်များတွင် မိုက်ခရိုချစ်ပ်ထည့်သွင်းမှု အင်ဒိုရှေ့နေများ ကန့်ကွက်

Click to enlarge

အင် ဒိုနီးရှား ရှေ့နေများက AIDS ရောဂါရှင်များအား မိုက်ခရိုချစ်ပ် များ ထည့်သွင်း တပ်ဆင်ထား မှုအပေါ် အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။ AIDS ရောဂါ ကူးစက်မှုကို ထိန်းချုပ် နိုင်ရန်အတွက် ရောဂါရှင်၏ လိင်အင်္ဂါ အရေပြားအောက်တွင် အလွန်သေးငယ်သည့် မိုက်ခရို ချစ်ပ်ပြားလေးများ ထည့်သွင်း ထားပြီး

၎င်းတို့ အနေနှင့် လိင်ဆက်ဆံမှု ပြုလုပ် ခဲ့ကြောင်း ခြေရာခံတွေ့ရှိခဲ့ပါက ရောဂါဖြန့်ဖြူးမှုဖြင့် အရေးယူခံရပြီး ထောင်ဒဏ် (၆)လပြစ်ဒါဏ် (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၅၀၀၀)ဒဏ်ကြေးအား ကျခံရကြောင်း သိရှိရသည်။

အင်ဒိုနီးရှား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပါပူအာဒေသမှ ရှေ့နေများက အစပြုပြီး အဆိုပါ ခြေရာခံစနစ်ကို ကန့်ကွက်နေကြပြီး လူ့ခန္ဓာကိုယ်တွင် ချစ်ပ်ပြားများ တပ်ဆင်မှုမှာ စက်ဆုပ်စရာကောင်းသော လူမဆန်မှုဟု အမည်တပ်ခဲ့ကြသည်။ ပါပူအာဒေသမှ ထင်ရှားသော လူမှုရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ တဟီဂန်ယန် ဗျူတာဗျူတာ က AIDS ရောဂါရှင် များသည် တိရစ္ဆာန်များ မဟုတ်ကြ ကြောင်း၊ ၎င်းတို့အား အီလက်ထရောနစ် ကိရိယာများ တပ်ဆင်စမ်းသပ်မှုကို လက်သင့်မခံနိုင်ကြောင်း၊ ၎င်းတို့၏ အခွင့်အရေးကို လေးစားရမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။ လက်ရှိအချိန်တွင် အင်ဒိုနီးရှားနိုင်ငံအတွင်း AIDS ရောဂါရှင် အရေအတွက် မှာ တဖြည်းဖြည်း ချင်း တိုးမြင့်လာ နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here