အူမကြီးရောဂါ အိမ်မှာပင် စစ်ဆေးနိုင်ရန် နီးစပ်နေပြီ

Click to enlarge

အူ မကြီး ကင်ဆာ ရောဂါ ရှိ၊မရှိ စစ်ဆေးမှု ကို ဆေးရုံ ဆေးခန်းများ သို့ မသွားဘဲ အိမ်တွင် ပင် စစ်ဆေး မှုများ ပြုလုပ် နိုင်ရန် နီးစပ် နေပြီ ဖြစ်သည်။ အဆိုပါအခြေအနေသည် နှစ်လိုစရာ တစ်ခု မဟုတ်သည့်တိုင် လူသားများ အတွက် ကင်ဆာမရင့်ခင် ကုသ နိုင်ရန် အထောက်အကူ ပြုမည် ဖြစ်သောကြောင့် အသက်ကယ် ရေး မျှော်လင့်ချက်ကို ပိုမို အခြေအနေ ကောင်းလာ စေမည် ဖြစ်သည်။ ကနေဒီယန်မှ အွန်တေရီအိုခရိုင်သည် အူမကြီး ကင်ဆာ ဖြစ်ပွားမှု အမြင့်ဆုံး နေရာ တစ်ခု ဖြစ်ပြီး ထို ရောဂါ ဖြင့် သေဆုံး မှုမှာ လည်း ကမာ္ဘပေါ် တွင် အများ ပြားဆုံး ဒေသ တစ်ခုဖြစ်ကြောင်း ဒေသ ဆိုင်ရာ စစ်တမ်း များ အရ သိရ သည်။
 
အဆိုပါ ရောဂါ ဖြစ်ပွား နေကြောင်း အသေအချာ သိရှိပြီး အစောပိုင်း အဆင့်တွင် ကုသ နိုင်မည် ဆိုလျင် သေဆုံး မှုနှုန်းကို (၉၀) ရာခိုင်နှုန်းကျော်မျှ လျှော့ချ နိုင်မည်ဖြစ်ရာ အိမ်တွင်း ပုံမှန် ဆေးစစ် မှုမျိုး ပြုလုပ် နိုင်ရန် ကနေဒါ မှ ဆရာဝန်များ က စီစဉ် ခဲ့ခြင်းဖြစ် သည်။ အကယ်၍ လူတစ်ဦး သည် ၎င်းတွင် ကင်ဆာ ဖြစ်နေပြီ ဟု သိရှိသွားပါက အလွန်အမင်း ချောက်ခြား သွားမှုမျိုး မလွဲမသွေ ကြံုတွေ့ ရမည်မှာ ရှောင်လွှဲ နိုင်မည် မဟုတ်သော အခြေအ နေ တစ်ရပ် ဖြစ်ကြောင်း၊ သို့သော် လည်း လူသေမှုနှုန်းကို လျှော့ချ နိုင်မည့် အကျိုးဆက် ကြောင့် လူအများ ကိုယ်တိုင် ကင်ဆာ စစ်ဆေး နိုင်ရန် ဆောင်ရွက် ပေးသွား မည်ဟု သတင်း ရရှိ သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here