အိုမင်းလာခြင်း၏ အကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့

Click to enlarge

ဟား ဗတ်တက္ကသိုလ် ဆေးပညာဌာန မှ သုတေသီများသည် အိုမင်းလာခြင်း၏ အကြောင်းရင်းများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ DNAဆဲလ်များ မည်သို့မည်ပုံ ထိခိုက်လာပြီး ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များ

ယိုယွင်းလာသည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု ဆရာဝန်များ ကဆိုသည်။ ဗီဇဆဲလ်များ တစ်ခုမှတစ်ခုသို့ လျင်မြန်စွာ ပြောင်းလဲသွားသလို စွမ်းဆောင်ရည် လျော့ကျသွားသည့် အခြေအနေများ ကို ထောက်လှမ်း သိရှိခဲ့သည်ဟု ကျွမ်းကျင်သူ များက ပြောဆို ခဲ့သည်။

ဆဲလ်များသည် လုပ်ငန်းဆောင်တာများအား မရပ်မနား ဆောင်ရွက်နေရပြီး ဖွင့်လိုက်ပိတ်လိုက် ဆက်တိုက်ပြုလုပ်နေသော ပြူတင်းပေါက်များနှင့် ဆင်တူကြောင်း၊ ကြာသောအခါ ဆဲလ်များ၏ စွမ်းဆောင်ရည် ကျဆင်းလာသလို အိုမင်းမှုကိုလည်း ဖြစ်ပေါ်စေကြောင်း သိရှိရသည်။ ဥပမာ အရေပြားဆဲလ်များ စွမ်းဆောင်ရည် ကျဆင်းလာမှုသည် တင်းရင်းကျစ်လစ်နေမှုကို လျော့ကျသွားစေသလို ခန္ဓာကိုယ် အတွင်း အနုဇီဝဆဲလ်များ စွမ်းရည်ကျ သွားသဖြင့် ရောဂါ ခုခံနိုင်မှု အရည်အသွေး ကျဆင်း သွားခြင်းမျိုး ဖြစ်လာနိုင်ကြောင်း သုတေသီများ ကဆိုသည်။

ဆဲလ်များသည် တဖြည်းဖြည်း အလုပ်လုပ်နှုန်း နည်းပါး သွားသည့်အခါ ခန္ဓာကိုယ်၏ နုပျိုမှုကို ဖြစ်ပေါ်စေသော ဇီဝဓာတုဖြစ်စဉ်များ ယုတ်လျော့သွားပြီး အိုမင်းမှုကို ဖြစ်ပေါ်စေကြောင်း လေ့လာသူများ က ရှင်းလင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here