အယ်လ်ကေးဒါး ဒုခေါင်းဆောင် အမေရိကန်တို့ကို သတိပေး

Click to enlarge

အယ်လ် ကေးဒါး တို့၏ ဒုတိယ အာဏာ အရှိဆုံး ပုဂ္ဂိုလ်ဖြစ် သော အေမန်အယ်လ်ဇာဝါဟရီ က အမေရိကန် တို့သည် မွတ်ဆလင် ဘာသာ ကို မထိခိုက် မစော်ကား နိုင်ရန် သတိပြု သင့်ကြောင်း နိုဝင်ဘာလ (၂၈) ရက်နေ့က ဗီဒီယို တိပ်တစ်ခွေ မှ ပြောကြား

သွားခဲ့သည်။ မိနစ်(၈၀) ကြာမြင့်သော အဆိုပါ တိပ်ခွေ တွင် ပြောကြား ထားရာ၌ လက်ရှိ ဖြစ်ပျက် နေသော အမေရိကန် စီးပွား ပျက်ကပ် မှာ စက်တင်ဘာ (၁၁) ရက်နေ့ ကမာ္ဘ့ကုန်သွယ်မှု အဆောက် အအုံကြီး တိုက်ခိုက် ခံရမှု ၏ အကျိုးဆက် ဖြစ်ကြောင်း ပါရှိ သည်။

အမေရိကန် သည် မွတ်ဆလင် တို့၏ သွေးမြေ ကျအောင် ဆက်လက် ဆောင်ရွက် နေမည် ဆိုလျင် နောက်တစ်ကြိမ် အလားတူ ဖြစ်ရပ်မျိုး ကို မျက်ဝါးထင်ထင် ကြံုတွေ့ ရစေမည်ဟု ဇာဝါဟရီ က ပြောဆို ထားသည်။ အီရတ် နှင့် အာဖဂန် တို့တွင် မွတ်ဆလင် စစ်သည်တော် များ အား သတ်ဖြတ်ခဲ့မှု အတွက် အမေရိကန် တို့ ပေးဆပ် ရဦးမည် ဟုလည်း ဇာဝါဟရီ က ကြံုးဝါးထားသည်။

၎င်းက အမေရိကန် နိုင်ငံ၏ စီးပွားရေး တောင့်တင်းမှု သည် ကမာ္ဘ့ကုန်သွယ်မှု အဆောက်အအုံ နှင့်အတူ ပြိုလဲ သွားပြီဖြစ်ကြောင်း၊ နောက်ထပ် ပြိုလဲမှုများ အတွက် ခံနိုင် ရည်ရှိရန် ကြိုတင် ပြင်ဆင် ထားသင့် ကြောင်း ဗီဒီယို တိပ်မှ တဆင့် ခြိမ်းခြောက် သွား သည်။ ထို့ပြင် အာဖဂန်တွင် တပ်စွဲ ထားသော အမေရိကန် တပ်သားများ ၏ အသွေး အသားများ သည် အာဖဂန်မှ ခွေးများ အတွက် ကောင်းမွန်သော အစာအာဟာရ ဖြစ်လာ စေမည် ဟုလည်း ပြောကြား သွားခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here