မွမ်ဘိုင်းအကြမ်းဖက်သမားများအား တိုက်ခိုက်နှိမ်နင်း

Click to enlarge

မွမ် ဘိုင်းတွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်သမားများ ၏ တိုက်ခိုက်မှု များအပေါ် အိန္ဒိယ အစိုးရ အဖွဲ့၏ တုန့်ပြန်နေမှု များ မှာ အဆုံးသတ် နိုင်ခြင်း မရှိသေးပေ။ အိုဘယ်ရီယိုဟိုတယ်နှင့် ဂျူး ဘုရားကျောင်း တို့အား တိုက်ခိုက် ချေမှုန်းပြီးနောက်

နိုဝင်ဘာလ (၂၉)ရက်နေ့ မနက်ပိုင်း က တက်ဂျ်မဟာ ဟိုတယ်အား ၀င်ရောက် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ် နေပြီဖြစ်ပြီး အဆိုပါ ဟိုတယ်တွင် တပ်စွဲ ထားသော သူပုန်များ သည် နောက်ဆုံး လက်ကျန် စစ်သွေးကြွများ ဖြစ်နိုင်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ဆိုသည်။

နိုဝင်ဘာလ (၂၆) ရက်နေ့ ညအချိန်ကတည်းက စတင်ခဲ့သော မူဂျာဟစ်ဒင်တို့၏ တိုက်ခိုက်မှုများနောက်ပိုင်း သေဆုံးသူဦးရေမှာ အနည်းဆုံး (၁၆၀) မျှ ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် နိုင်ငံခြားသား (၁၅) ဦးထိ ပါ၀င်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ သေဆုံးသူများအတွင်း (၅) ဦးမှာ အမေရိကန်များဖြစ်သည်။ စစ်သွေးကြွများနှင့် အပြန်အလှန် တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင်များပါ သေဆုံးခဲ့ကြောင်း အိန္ဒိယရဲဌာနက သတင်း ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here