ပါကစ္စတန်မှ ထောက်လှမ်းရေးအကြီးအကဲ အိန္ဒိယသို့ သွားရောက်မည်

Click to enlarge

ပါ ကစ္စတန်နိုင်ငံ ၀န်ကြီးချုပ် ယူဆွပ်ဖ်ရာဇာ ဂီလာနီ က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းသို့ ထောက်လှမ်းရေး ဌာန အကြီးအကဲ အား စေလွှတ်မည်ဟု သိရသည်။ အိန္ဒိယတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော

သတ်ဖြတ်မှုများ ပေါ်ပေါက်လာခြင်းအတွက် အိန္ဒိယအစိုးရအား အပြစ်တင်ရန် အကြောင်းမရှိကြောင်း ဂီလာနီကဆိုသည်။

ယခုအခါ ပါကစ္စတန်အနေနှင့် အဆိုပါချောက်ခြားဖွယ်ရာ ဖြစ်ရပ် ဆိုးကြီး အတွက် စုံစမ်းမှုများ ပြုလုပ် သွားရန် ပူးပေါင်းဆောင်ရွက် မည်ဟု ဂီလာနီ က ပြောကြား သွားသည်။ အစ္စလာမ်မာဘတ်မှ ထုတ်ပြန်သော သတင်းအရ ပါကစ္စတန် အစိုးရသည် အိန္ဒိယ နှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး တစ်ရပ် ထူထောင် လိုကြောင်း၊ ယခုဖြစ်ရပ်ဆိုးကြီးအတွက် တတ်အား သမျှ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဂီလာနီ က ၎င်း၏ ပါလီမန် တဖွဲ့လုံးက လက်ရှိ အချိန်တွင် အိန္ဒိယ အား အကူအညီ ပေးရန် တိုက်တွန်း ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ပါကစ္စတန်အနေနှင့် အကြမ်းဖက်မှုကို လက်မခံ နိုင်ကြောင်း၊ အိန္ဒိယ နိုင်ငံမှ ထောက်လှမ်းရေး အဖွဲ့များ အား ကူညီ နိုင်ရန် ပါကစ္စတန် ထောက်လှမ်းရေး အကြီးအကဲအား စေလွှတ်သွား မည်ဖြစ်ကြောင်း ဂီလာနီ က အတည်ပြု ပြောဆို သွားခဲ့ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here