နှလုံးရောဂါ ရှာဖွေရေးနည်းပညာ စမ်းသပ်မှု အကျိုးမဖြစ်

Click to enlarge

နှ လုံးအတွင်း ရောဂါရှာဖွေရေးအတွက် နည်းပညာ သစ်တစ်ခု စမ်းသပ်ခဲ့ရာတွင် ထိရောက်သော အကျိုး ဖြစ်ထွန်းမှု မရှိခဲ့ကြောင်း သုတေသီများ က ပြောကြား ခဲ့သည်။ X-ray ရောင်ခြည် အမျုားအပြားကို

အသုံးပြုပြီး CT Scan ဖြင့် သုံးဖက်မြင် ပုံရိပ်များ ဖော်ထုတ်နိုင်ရန် စမ်းသပ်ခဲ့သော်လည်း နှလုံးသွေးကြောများ အတွင်း ပိတ်ဆို့ နေမှုများကို ယခင်နည်းလမ်းများထက် ပိုမိုရှင်းလင်းစွာ ရှာဖွေနိုင်စွမ်းမရှိဟု သိရှိရသည်။ သို့သော်လည်း ဆရာဝန်များသည် နည်းပညာ သစ်ကို ရံဖန်ရံခါ အသုံးပြု သွားမည်ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် လူနာများက ထိုနည်းဖြင့် စစ်ဆေးပေးရန် တောင်းဆိုကြသောကြောင့်ဟု သိရသည်။ ထိုနည်းသည် နှလုံးရောဂါ ရှာဖွေ ထောက်လှမ်းရေးတွင် အလွန်အကျိုးသက်ရောက်မှု မရှိသော်လည်း အခြားနည်းလမ်းများထက် အန္တရာယ်ဖြစ်နိုင်ချေ လျော့နည်း လိမ့်မည်ဟု ယုံကြည်ရသောကြောင့် လူနာများ က ထိုနည်းကို အသုံးပြုရန် လိုလားကြ ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here