ထိုင်းနိုင်ငံအရေး စစ်တပ်မှ ကိုင်တွယ်ဖြေရှင်းရန် သက်ဆင် တောင်း

Click to enlarge

၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ် က ထိုင်း စစ်တပ် သည် နိုင်ငံရေး အရှုပ်အထွေးများ အတွင်း ၀င်ရောက် ပတ်သတ်် ရန် လက်ရှောင် နေခြင်းသည် နိုင်ငံတဝှမ်း သွေးချောင်း စီးဖြစ်ရပ်များ ပေါ်ပေါက် လာစေ နိုင်ကြောင်း

သတိပေး ခဲ့သည်။ သက်ဆင် ၏ Blog တွင် ရေးသားထားရာ၌ PAD ပါတီမှ အကြမ်းဖက်မှုများ၊ ပိတ်ဆို့မှုများအား စစ်တပ်မှသာ ဖယ်ရှားနိုင်မည်ဟု ဖော်ပြထားသည်။

သက်ဆင် ၏ ယောက်ဖ ဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ဆွန်ချိုင်း က စစ်ဦးစီးချုပ် ၏ အာဏာစွန့်ရေး အကြံပြုချက် ကို ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ထိုင်း နိုင်ငံ စစ်တပ် သည် နိုင်ငံရေး အရှုပ်အထွေး တွင် မပါ၀င် တော့ကြောင်း ကြေငြာ ထားသည်။ လူထု အုံကြွမှု များ ဖြစ်ပေါ် လာခြင်း နှင့် အတူ ထိုင်း နိုင်ငံ သမိုင််း အတွက် အကျည်းတန် သည့် သွေးစွန်းသော အဖြစ်ဆိုး များ ပေါ်ပေါက် လာနိုင်သည်ဟု သက်ဆင် က သတိပေးခဲ့သည်။

လက်တလော အခြေအနေ များအရ ထိုင်းရဲချုပ် မှာ ၀န်ကြီးချုပ် ၏ ဖယ်ရှားမှု ကို ခံထား ခဲ့ရပြီး အမေရိကန် နိုင်ငံ ဘက်မှ လည်း ထိုင်းလေဆိပ် များ အား ဖွင့်ပေးရန် PAD ဆန္ဒပြသူများအား တောင်းဆို လိုက်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here