တောင်ပိုင်းဖလောရီဒါရှိ ဆူရှီစားသောက်ဆိုင်ဝန်ထမ်းအများစုမှာ မြန်မာ

Click to enlarge

ပမ် လ်ဘိချ်ခရိုင်တွင် ဂျပန်ရိုးရာ ဆူရှီအရောင်းဆိုင်လေးများ ဖွင့်လှစ်ရောင်းချနေသော်လည်း ဂျပန်ဘာသာ၊ ဂျပန်စကား ပြောဆိုနေမှုမျိုး တွေ့ရှိရန် အလွန်ဖြစ်နိုင်ချေ နည်းပေလိမ့်မည်။ တောင်ပိုင်းဖလော်ရီဒါရှိ ဆူရှီ စားသောက်ဆိုင်များ တွင်

အလုပ်လုပ် သူများမှာ မြန်မာလူမျိုးများ အများစုဖြစ်ပြီး ထိုဒေသရှိ ဆူရှီဆိုင် အားလုံး၏ အလုပ်သမားဦးရေ (၉၀) ရာခိုင်နှုန်းထိမှာ မြန်မာများ ဖြစ်ကြောင်း သိရှိ ရသည်။

ပမ်းလ်ဘိချ်၊ ဘရိုးဝတ်ဒ်နှင့် မီယာမီတို့တွင် မြန်မာလူမျိုး (၈၀၀) မှ (၁၀၀၀) ထိနေထိုင်ပြီး အများစုမှာ စူပါမားကတ်ကြီးများတွင် ဖွင့်လှစ်ထားသည့် ဆူရှီကောင်တာများတွင် အလုပ်လုပ်ကြသည်။ အချို့မှာလည်း ဆူရှီစားသောက်ဆိုင်များတွင် ၀င်ရောက် လုပ်ကိုင်ကြ သည်ဟု ဆိုသည်။ ၎င်းတို့သည် အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ ထားကြပြီး ဇာတိနိုင်ငံ ၏ မလွတ်လပ်မှုများ၊ ချုပ်ခြယ်မှု များကြောင့် အမေရိကန်တွင် လာရောက် အခြေချ နေကြခြင်း ဖြစ်သည်။ အဆိုပါြ မန်မာများအနက် အများစုသည် ခရစ်ယန် ဘာသာဝင်များ ဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဘာသာရေးအရ မလွတ်လပ်မှု ကြောင့် မွေးရပ်မြေကို စွန့်ခွာလာ ခဲ့ကြကြောင်း ပြောဆို သွားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here