ဆွီဒင်လူငယ်များ ကွန်ပျူတာဂိမ်းကစားခြင်း ခေတ်စား

Click to enlarge

ဆွီ ဒင်နိုင်ငံရှိ လူငယ် ထုများကြား တွင် ကွန်ပျူတာဂိမ်း ကစားခြင်းသည် ဘောလုံုးနှင့် ရေခဲပြင် ဟော်ကီ ကဲ့သို့သော အားကစား နည်းများ ထက် ပိုမို ထင်ရှား

ကြောင်း သိရသည်။ စစ်တမ်းများအရ ဂိမ်းကစားမှုသည် အခြားသော လူသိများ အားကစားနည်းများထက် (၃) ဆမျှ ဆွီဒင်လူမျိုးများ အပေါ် ဆွဲဆောင်နိုင်ကြောင်း သိရှိရသည်။

SIFO မှ ကောက်ခံသော စစ်တမ်းများအရ ဆွီဒင်တွင်ရှိသော သူများအနက် (၁၇) ရာခိုင်နှုန်းသည် ကွန်ပျူတာဂိမ်းများကို နှစ်သက် စွဲလန်းပြီး၊ (၅) ရာခိုင်နှုန်းမှာ ဘောလုံး ကစားရန် ၀ါသနာ ထုံကြသည်။ ရေခဲပြင် ဟော်ကီကိုမူ စိတ်ဝင်စားသူ (၁) ရာခိုင်နှုန်း မျှသာ ရှိကြေင်း ဖော်ပြထားသည်။ ထိုစစ်တမ်းတွင် ဆွီဒင်လူဦးရေ ၏ (၆၁) ရာခိုင်နှုန်းမှာ ပုံမှန် အားကစားတစ်ရပ် ပြုလုပ် ကြောင်းနှင့် (၇၄) ရာခိုင်နှုန်း သည် ကွန်ပျူတာဂိမ်း ကစားလေ့ရှိကြောင်း စာရင်း ပြုစုထားသည်။

ဂိမ်းကစား သူများ၏ (၅၄) ရာခိုင်နှုန်းသည် အခြား သူများ နှင့် ချိတ်ဆက် ကစား လေ့ရှိပြီး (၁၂) ရာခိုင်နှုန်းကမူ ဂိမ်းကစား ရာမှ မိတ်ဆွေ အပေါင်းအသင်း အသစ်များ ရရှိလာကြောင်း ပြောကြား ခဲ့သည်ဟု စစ်တမ်း တွင် ဖော်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here