ဗိုလ်ချုပ်မှူးကြီး တိုင်းရင်းသား ကိုယ်စားလှယ်များ ကို ခေါ်

Click to enlarge

မြန် မာနိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုဝင်ဘာလ (၂၂) ရက်နေ့က မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ် မူဝါဒများဆွေးနွေးရန်အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များကို

ပြန်လည်ခေါ်ယူခဲ့သည်။ အဆိုပါခေါ်ယူမှုသည် နိုင်ငံအတွင်းရှိ အစိုးရအတိုက်အခံ ဒီမိုကရေစီ နိုင်ငံရေးသမား (၁၅၀)တို့အား နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်ပြီး နောက်တစ်နေ့တွင် ပြုလုပ်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက မြန်မာ့နိုင်ငံရေး လမ်းစဉ်မူဝါဒများ ချမှတ်နိုင်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း ကြေငြာ သည်။ လမ်းပြမြေပုံ ခုနစ်ရပ်ဖြင့် ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ မြန်မာနိုင်ငံ စစ် အစိုးရ၏ ဦးဆောင်မှုဖြင့် ချီတက်သွားနိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြည့်စွက်ပြောဆိုခဲ့သည်။ ထိုမတိုင်ခင် တစ်နေ့က မြန်မာ့ နာမည်ကြီး ဟာသသရုပ်ဆောင် ဇာဂနာအား မြန်မာ စစ် အစိုးရ ၏ လျှို့ဝှက် တရားရုံးက ထောင်ဒါဏ် (၄၅) နှစ် ချမှတ် ခဲ့ပြီးဖြစ်သည်။

 မြန်မာအစိုးရသည် (၂၀၀၇)ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရဟန်းတော်များ ဦးဆောင်သော ဒီမိုကရေစီ တောင်းဆိုရေး ဆန္ဒပြမှုများတွင် အပြစ်ရှိကြောင်း စွဲဆိုချက်ဖြင့် နိုင်ငံရေး အကျဉ်းသား (၁၅၀) ကျော်အား နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်ခဲ့သည်။ ဖြစ်ပွားခဲ့သော အဆိုပါဆန္ဒပြပွဲများကို စစ် အစိုးရတပ် များက အကြမ်းဖက် နှိမ်နင်းခဲ့ပြီး (၃၁) ဦး သေဆုံးကာ (၇၄) ဦးသည် ယခုတိုင် ပျောက်ဆုံး နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။
 

 

LEAVE A REPLY

Please enter your comment!
Please enter your name here