လူ့မိစ္ဆာတစ်စု ၏ အိပ်မက် နျူကလီးယား လက်နက် များ

Click to enlarge

လက်ရှိ မြန်မာ နိုင်ငံ နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား ရင်းနှီး သော ဆက်ဆံမှု များ က မြန်မာ နိုင်ငံ အနေ နှင့် နျူကလီးယား လုပ်ငန်း စဉ် များ အတွက် အားထုတ် ကြိုးပမ်း နေပြီ  လား ဟူသော သံသယ မေးခွန်း တစ်ခုကို ပေါ်ပေါက် လာစေ ကြောင်း နိုင်ငံ တကာ ရေးရာ

သုတေသီ များ က  ပြောကြား ခဲ့ကြ သည်။ အာဏာရှင် စနစ် လက်အောက် ကျရောက် နေ သော အဆိုပါ နှစ်နိုင်ငံအနက် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထား ပြီး ဖြစ်ကာ ယခု အခါ တွင် မြန်မာ နိုင်ငံ အနေ နှင့် မြောက် ကိုရီးယား ထံ မှ နည်း ပညာ အကူ အညီ များ ရယူကာ နျူကလီးယား လက်နက် များ ထုတ်လုပ် လာဖွယ် ရှိနေ သည်။

လွန်ခဲ့ သော (၃) လတာ အတွင်း မြန်မာ့ တပ်မတော် မှ ထိပ်တန်း အဆင့် ရှိ ပုဂ္ဂိုလ် များ ပါ၀င် သော မြန်မာ ကိုယ်စား လှယ် အဖွဲ့  အနည်း ဆုံး (၃) ဖွဲ့  မျှ မြောက် ကိုရီးယား မြို့တော် ပြံုယမ်း သို့ သွား ရောက် ခဲ့ခြင်း သည် အဆိုပါ သံသယ ဖြစ်ဖွယ် အနေ အထား ကို ပိုမိုအား ဖြည့်ပေး လျက်ရှိ သည်။

မြန်မာ စစ် အစိုးရ အာဏာ ပိုင် များ နှင့် နီးစပ် သော အသိုင်း အဝိုင်း မှ ထွက်ပေါ် လာသော သတင်းများ အရ စက်တင်ဘာလ လယ်က သွားရောက် ခဲ့သော ပြံုယမ်း ခရီးစဉ် အား မြန်မာ့ တပ်မတော် မှ ဗိုလ်ချုပ် အောင်သိန်းလင်း က ဦးဆောင် ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် စစ် လက်နက် ထုတ်လုပ်ရေး အကြီး အကဲ ဖြစ်သူ ဗိုလ်မှူး ချုပ် တင်အေး နှင့် လေကြောင်း ကာကွယ်ရေး ဦးစီးမှူး ဗိုလ်မှူး ချုပ် မြင့်လှိုင် တို့ သည် လည်း ဩဂုတ် နှင့် ဇူလိုင်လ များ အတွင်း က ကမာ္ဘ့ထိပ်သီး ကွန်မြူနစ် နိုင်ငံ သို့ ချစ်ကြည် ရေး ခရီးများ သွားရောက် ခဲ့ ကြ သည်။

ထို ခရီး စဉ် များ မှာ သမားရိုးကျချစ်ကြည်ရေး ရည်ရွယ်ချက် သက်သက်မျှမကဘဲ မြန်မာ့တပ်မတော်အတွင်း အင်အား ဖြည့်တင်း ရန် အတွက် လက်နက်များ ၀ယ်ယူ ရေး ညှိနှိုင်းမှု များ ဆောင်ရွက် သွားရန် အတွက်လည်း ရည်ရွယ် ထား ဟန်ရှိ သည်။ မြန်မာ စစ် အစိုးရ အနေ နှင့် လက်နက် ပစ္စည်း များ တိုးမြှင့် ၀ယ် ယူ ရန် အပြင် လေကြောင်းကာကွယ်ရေး ခေတ်မှီ လက်နက် ဆန်း များ ၊ ဒုံးကျည် စနစ် များ နှင့် တာဝေးပစ် ချေမှုန်းရေး လက်နက် ကြီး များ တပ်ဆင်သွား နိုင်ရန် အတွက်ပါ မြောက် ကိုရီးယား နိုင်ငံ အား ချဉ်းကပ် နေခြင်း ဖြစ်နိုင် ဖွယ် ရှိသည်။

မြန်မာ စစ် အစိုးရ အနေ နှင့် ထို ကဲ့ သို့ နိုင်ငံ အတွင်း စစ် ရေး လုံခြံုမှု များ အင်အား ဖြည့်တင်း ပြီး ပါက ၎င်း တို့ အဓိက ဆန္ဒ ပြင်းပြစွာ လိုချင် မက်မော နေသော နျူကလီးယား လက်နက်များ ထုတ်လုပ် နိုင်ရေး အတွက် ပိုမို အားထည့် ကြိုးပမ်း နိုင်ရေး နီးစပ် သွားပြီ ဖြစ်သည်။ မြန်မာ အနေနှင့် မြောက် ကိုရီးယား မှ စစ် လက်နက် များ ၀ယ် ယူ ထား မှု ကြောင့် မြောက် ကိုရီးယား ထံမှ နျူ လက်နက် နည်း ပညာ များ အကူအညီ ရနိုင် ဖွယ် ရှိ နေ သည်။ လက်ရှိ ရန်ကုန်တိုင်း တိုင်းမှူး တာဝန်ကို ရယူ ထားသော ဗိုလ်ချုပ် အောင်သိန်းလင်း သည် မြန်မာ နိုင်ငံ အတွင်း စက်မှု ထုတ်ကုန် များ ကို အဓိက ထုတ်လုပ် ပေး နေသော အမှတ် (၂) စက်မှု ၀န်ကြီး ဌာန ကို ကြိုးကိုင် ခြယ်လှယ် နေသူ လည်း ဖြစ် သည်။

(၁၉၉၈) ခုနှစ် နောက်ပိုင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး များ သည် မြန်မာ့နျူကလီးယား စွမ်းအင် လေ့လာရေး အဖွဲ့  ကြီး ၏ ခေါင်းဆောင် တာဝန် ကိုလည်း ယူရ လေ့ရှိ သည်။ မြန်မာ နိုင်ငံ အတွင်း နျူကလီးယား စွမ်းအင် ကိစ္စ များ ကို သိပ္ပံ နှင့် နည်း ပညာ ၀န်ကြီးဌာနမှ တရားဝင် တာဝန် ယူ ထား သော်လည်း နျူကလီးယား လက်နက် များ ထုတ်လုပ် နိုင်ရေး စီမံကိန်း ကြီး တွင် အမှတ် (၂) စက်မှုဝ န်ကြီး ဌာန မှာ အခရာ ကျလာ ပေ လိမ့် မည်။

မြန်မာ နိုင်ငံ ၏ အနုမြူ လက်နက် စီမံကိန်း သည် (၁၉၉၈) ခုနှစ် ကတည်း က လျှို့ဝှက် စွာ ကြံစည် နေခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ (၁၉၉၈)ခုနှစ်၊ မေလ အတွင်း မြန်မာ့ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံက နျူကလီးယား ဗုံး စမ်းသပ် ဖောက်ခွဲ ခဲ့ပြီးနောက် အာရှဒေသ အတွင်း အနုမြူ လက်နက် များ ပြန့်နှံ့ လာမည်ကို တစ် ကမာ္ဘ လုံး က ထိတ်လန့် စိုးရိမ် လာခဲ့ သည်။

ထို အချိန် က မြန်မာ စစ် အာဏာရှင် ဗိုလ်ချုပ် မှူး ကြီး သန်းရွှေက အက်တမ် စွမ်းအင် ဥပဒေ အား ဇွန်လ(၈) ရက် နေ့ တွင် ထောက်ခံ လက်မှတ် ရေးထိုး ခဲ့ သော် လည်း နောက်ပိုင်း တွင်မူ ပါကစ္စတန် နိုင်ငံ နှင့် ဆက်သွယ်မှု များ ပြုလုပ်ကာ နျူကလီးယား လမ်းစဉ် အပေါ် စတင် စိတ်ဝင် စား လာခဲ့သည်။ အချို့ သော နိုင်ငံရေး အကဲခတ် များ က မြန်မာ စစ် အစိုးရ အနေ နှင့် နိုင်ငံ တကာ တိုက်ခိုက် မှု များ အတွက် ပြင်ဆင် နိုင် ရန် နှင့် နိုင်ငံ ၏ မဟာ ဗြူဟာ စစ် လက်နက် စွမ်းရည် ကို တိုးမြှင့် နိုင်ရန် ရည်ရွယ်ချက် များ ဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ် သွား နိုင်ရေး ကို မျက်စိ ကျလာ ခြင်း ဖြစ်နိုင် ကြောင်း ခန့်မှန်း ခဲ့ကြ သည်။

ယခင် ကတည်း က နိုင်ငံ၏ ၀င်ငွေ အတော် များများ ကို စစ် လက်နက် များ ၀ယ်ယူ ရေး တွင်သာ ပုံအော အသုံးချ ခဲ့ သော မြန်မာ စစ် အစိုးရ အနေ နှင့် အလွန် အစွမ်း ထက် သော နျူကလီးယား လက်နက်များ ပိုင်ဆိုင် ခွင့် ရ မည် ဆိုလျင် ငွေကြေး မည် မျှ ကုန်ကုန် အလျင်း ဂရုစိုက် ဖွယ် မရှိချေ။

(၂၀၀၁) အစော ပိုင်း က မြန်မာ နိုင်ငံ ၏ မဟာ မိတ် နိုင်ငံ ဖြစ်သော ရုရှား နိုင်ငံ က မြန်မာ နိုင်ငံ အတွင်း စွမ်းအင် ထုတ်လုပ်ပေးရန် ရည်ရွယ်ချက်ဖြင့် နျူကလီးယား ဓါတ်ပေါင်း ဖို တစ်ခု ဆောက်လုပ် ပေးရန် စီစဉ် နေကြောင်း စတင် လေသံ ပစ် လာခဲ့ သည်။ ရုရှား၏ အနုမြူ စွမ်းအင် ဌာန က မြန်မာ နိုင်ငံ အတွင်း သုတေသနပြု ဓါတ် ပေါင်း ဖိုတစ်ခု ဆောက်လုပ်သွား ရန် အစီအစဉ် ရှိနေ ကြောင်း ကြေငြာ ခဲ့သည်။ နောက် တစ်နှစ် အကြာ တွင်မူ ထိုစဉ် က မြန်မာ့ နိုင်ငံ ခြားရေး ၀န်ကြီး ဦး ခင်မောင်ဝင်း က စွမ်းအင် ထုတ်လုပ် နိုင် မည့် နျူကလီးယား သုတေသန ဓါတ်ပေါင်း ဖို တစ်ခု မြန်မာ စစ် အစိုးရ အနေ နှင့် စမ်းသပ် တည်ဆောက် သွား မည် ဖြစ် ကြောင်း ပြည်သူ လူထု အား အသိပေး ကြေညာ လိုက်သည်။

မြန်မာ နိုင်ငံ သည် နျူကလီးယား ရူပဗေဒ အတတ် ပညာများ ဆည်းပူး လေ့လာ နိုင်ရန် အတွက် တပ်မတော် မှ ပညာ တော်သင် စစ်သည် ထောင် နှင့် ချီပြီး ရုရှား သို့ပို့ ဆောင်ခဲ့သည်။ မူလ က ရုရှား အကူအညီ နှင့် တည်ဆောက် မည့် နှူကလီးယား ဓာတ်ပေါင်း ဖို စီမံ ကိန်း သည် (၂၀၀၃) ခုနှစ် တွင် စတင် နိုင်မည် ဟု မျှော်မှန်းထားသော်လည်း ဘဏ္ဍာရေး ဆိုင်ရာ အကြပ် အတည်းများ ကြောင့် (၁၀) မီဂါ၀ပ် ဓါတ်ပေါင်းဖို တည်ဆောက်ရေး မှာ (၂၀၀၇) မေလ ရောက် သည် အထိ စတင် နိုင် ခဲ့ခြင်း မရှိခဲ့ ပေ။

အဆိုပါ ဓါတ်ပေါင်း ဖို သည် လက်နက် ထုတ်လုပ် နိုင်စွမ်း မရှိ သည့် ယူရေနီယမ် အဆင့်(၂၃၅) လောင်စာ ကိုသာ အသုံးပြု မည် ဖြစ်ပြီး ထို ဓါတ်ပေါင်း ဖို ကို ကုလ သမဂ္ဂ လက်အောက် ရှိ နိုင်ငံ တကာ အနုမြူ ထိန်းချုပ်ရေး အဖွဲ့  ကြီး က စနစ် တကျ စောင့်ကြည့် သွားမည် ဖြစ်သော ကြောင့် မြန်မာ စစ် အစိုးရ အနေ နှင့် အနုမြူ လက်နက် များ ထုတ်လုပ် နိုင်ရေး မျှော်လင့်ချက် နှင့် ဝေးကွာနေဆဲ သာဖြစ် သည်။ သို့သော် လည်း နျူကလီးယား နည်း ပညာ များ နှင့် ထိတွေ့ ရင်းနှီး ခွင့် ရလာမည် ဖြစ် သလို အက်တမ် ဆိုင်ရာ သီအိုရီ များ၊ ဗဟု သုတများ ကိုလည်း ပိုမို နားလည် သိရှိလာမည်ဖြစ်ရာ ပြင်ပအထောက်အပံ့များ ရရှိနိုင် ခဲ့ မည် ဆိုပါက အနုမြူ လက်နက် စီမံ ကိန်း စတင် နိုင်ရေး အတွက် အခြေခံ ကောင်းများ သဖွယ် ဖြစ်နေ ခဲ့ သည်။

ယခု သော် အနုမြူလက်နက် များ ပိုင်ဆိုင် နေ သော ကမာ္ဘ့  ထိပ်သီး ကွန်မြူနစ် လက်နက် နိုင်ငံတော် ကြီး တစ်ခု နှင့် မြန်မာ စစ် အစိုးရ တို့ သူတော် ချင်းချင်း သတင်း လွေ့ လွေ့  ပေါင်းဖက် တွေ့  ကြ ပြီ ဖြစ် သည်။ မြောက် ကိုရီးယား သည် နိုင်ငံတကာ တောင်းဆို မှု များ ကို လျစ်လျူ ရှှု ပြီး နျူကလီးယား လက်နက် များ ဆက်လက် စမ်းသပ် ထုတ်လုပ် နေသော စစ် မက် အသား ပေး နိုင်ငံ တစ်နိုင်ငံ ဖြစ်သလို မြန်မာ နိုင်ငံ သည်လည်း စစ် အင်အား တိုးချဲ့ ရေး အတွက် ထိပ်တန်း မဟာမိတ် များ လိုအပ် နေချိန် ဖြစ် သည်။

မြောက် ကိုရီးယား နိုင်ငံ အား မြန်မာ စစ် အစိုးရ အနေနှင့် (၁၉၈၃)ခုနှစ်က အလည်အပတ် လာရောက် သော တောင် ကိုရီးယား နိုင်ငံ့ ခေါင်းဆောင် ချန်ဒူးဟွမ် အား မြောက် ကိုရီးယား သူလျှိုများ က ရန်ကုန်မြို့  တွင် လာရောက် ဗုံးခွဲ လုပ်ကြံ ရန် ကြိုးပမ်းခဲ့ မှု နောက်ပိုင်း ဆက်ဆံ ရေး ဖြတ်တောက် ထား ခဲ့ရာ မှ ယခုကဲ့သို့ အလွန်တရာ ကောင်းမွန် သော ဆက်ဆံရေး တစ်ရပ် ပြန်လည် တည်ဆောက် နိုင်ရန် ကြိုးပမ်း လာခြင်း မှာ နျူကလီးယား နည်း ပညာများ အကူ အညီ ရရှိ လိုမှု အတွက် ဖြစ်နိုင် ချေ အလွန် များ နေ သည်။

အမေရိကန် အစိုးရ အနေ နှင့် လက်ရှိ မြန်မာ – မြောက် ကိုရီးယား နွေးထွေး သော ဆက်ဆံရေး များ ကို သံသယ ရှိနေပြီး (၂၀၀၇)ခုနှစ် အတွင်းကတည်းက မြန်မာ စစ် အစိုးရ အား အနုမြူ လက်နက် များ စမ်းသပ် ထုတ်လုပ် မှု မပြုရန် လက်မှတ် ရေးထိုး ထား သည့် စာချုပ် အပေါ် လေးစား မှု ရှိရန် သတိ ပေးထား သည်။ သို့သော် လည်း လက်တလော ကာလ အတွင်း ပြံုယမ်း သို့ မြန်မာ ချစ်ကြည် ရေး အဖွဲ့  များ အကြိမ်ကြိမ် သွားရောက် နေမှု မှာ နျူကလီးယား လက်နက် မပြန့်ပွာ းရေး ကြိုးပမ်း နေကြသော နိုင်ငံ တကာ အဖွဲ့အစည်း များ အတွက် အချက်ပေး ခေါင်းလောင်း ထိုး လိုက်သလို မြန်မာ ပြည်သူ များ အတွက်လည်း အလွန် ကြောက်မက် ဖွယ်ကောင်း သော သတင်းတစ်ရပ် ဖြစ် လာ ခဲ့သည်။

လက်ရှိ အခြေ အနေ တွင် ပင် လက်နက် အားကိုး ဖြင့် ပြည်သူ များ အပေါ် အနိုင် အထက် ပြုကျင့် နေ သော စစ် အစိုးရ လက်ထဲ သို့ သာ အလွန် အဖျက် စွမ်းအား ကြီး သော နျူကလီးယား လက်နက် များ ရောက်ရှိ သွားမည် ဆိုပါက မြန်မာ ပြည်သူ များ အနေ နှင့် ဟစ်တလာ အယောက် (၁၀၀) နှင့် တပြိုင် တည်း ကြံုရ သလို ဖြစ်လာ ပေလိမ့် မည်။ အကြမ်းဖက် မှုကို လိုလား သော၊ လက်နက် အားကိုး အနိုင် ကျင့် တတ်သော စစ် အစိုးရ အနေ နှင့် မြောက် ကိုရီးယား ထံ မှ နည်း ပညာ၊ ဓါတ် သတ္တု ပစ္စည်း များ အပါ အဝင် အကူအညီ အထောက် အပံ့ များ မရရှိ နိုင်ပါ ဟု မည်သူ မျှ ငြင်းချက် မထုတ် နိုင် ချေ။ မြန်မာ စစ် အစိုးရ အနေ နှင့် မူ ၎င်းတို့ ၏ မျှော်လင့်ချက် ရောင်နီသည် ပြံုယမ်း အရပ်ဆီ မှ တဖြည်းဖြည်း သမ်းလာ နေပြီ ဖြစ် သည်။

နျူကလီယား စွမ်းအင် သည် ကမာ္ဘ့  ငြိမ်းချမ်း ရေး ထိန်းသိမ်း မှု လုပ်ငန်း စဉ် များ အတွက် အလွန် အစွမ်း ထက်သော လက်နက် တစ်ခု ဖြစ်သည် ကား အသေ အချာ ပင်ဖြစ်သည်။ သို့သော် လည်း မြန်မာ စစ် အစိုးရ ကဲ့သို့ သော လူ့မိစ္ဆာ များ လက်သို့ အဆိုပါ လက်နက် ဆန်း များ ရောက်ရှိ သွားခဲ့ပြီ ဆိုလျင် ကား ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုး အန္တရာယ် သည် ကြိုတင် ခန့်မှန်း နိုင်ခြင်း မရှိ လောက် အောင် ကြီးမား ကျယ်ပြန့် လာ ပေ လိမ့် မည်။

ထို့ကြောင့် လည်း လက်နက် အားကိုး နှင့် ကမာ္ဘ့  အလယ် ငပွကြီး လုပ်နေ သော မြန်မာ စစ် အစိုးရ လက်သို့ စွမ်းအား ကြီးမား သော အဖျက် လက်နက်များ ရောက်ရှိ မသွား နိုင်ရေး အတွက် ကမာ္ဘ့  ငြိမ်းချမ်း ရေး အဖွဲ့များ အနေ နှင့် ထိန်းသိမ်း ဆောင်ရွက် သွားနိုင် ရေးသာ မျှော်လင့်ချက် ထား နေရ မည် ဖြစ် တော့ သည်။

အောင်ခိုင် ( လူထုအသံ )

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here