ပြည်သူ တစ်ရပ်လုံး အတွက် စိတ်ဓာတ် ခွန်အား ဒေါ် အောင်ဆန်း စု ကြည်

Click to enlarge

ဒေါ်အောင်ဆန်း စု ကြည် တစ်ယောက် မြန်မာ နိုင်ငံ တွင် မရှိတော့ ဘူး ဆိုပါ စို့။ ထို အခြေ အနေ မျိုး တွင် မည်သို့ သော အကျိုးဆက် များ ပေါ်ပေါက် လာနိုင် ကြောင်း

စဉ်းစား ခန့်မှန်း  ကြည့်လို ပါသည်။ ပထမ ဆုံး အချက် အနေ နှင့် ထို အခြေအနေ မျိုး ကို မြန်မာ စစ် အစိုးရ မှာ အလွန် မျှော်လင့် နေမည် ဖြစ်ကြောင်း သံသယ ဖြစ်ဖွယ် မရှိပါချေ။  ဒေါ် အောင်ဆန်း စု ကြည် သည် ဒီမိုကရေစီ စနစ် ကို လိုလား တောင့်တ နေကြ သော မြန်မာပြည်သူ တစ်ရပ်လုံးအတွက် လမ်းပြ ကြယ်စင် ဖြစ် ကြောင်း စစ် အစိုးရ အာဏာပိုင်များ ကောင်းကောင်းသိ နေကြ သည်။ ၎င်းတို့၏ အတွင်း စိတ် တွင်  ဒေါ် အောင်ဆန်း စု ကြည် အား မည်သည့် နည်း နှင့် မဆို ပျောက်ကွယ် သွား စေ လိုသည့် ဆန္ဒ မှာ အလွန် ထုထည် ကြီးမား စွာ တည်ရှိ နေပေ လိမ့် မည်။
 ဒေါ် အောင်ဆန်း စု ကြည်  သာ မရှိခဲ့ဘူး ဆိုလျင် မြန်မာ့ ဒီမိုကရေစီ အင်အားစု များ သည် သမုဒ္ဒရာ အတွင်း လမ်းပျောက် နေသော လှေငယ် လေး များ ပမာ တဝဲ လည်လည် ဖြစ်သွား နိုင်မှန်း စစ် အစိုးရ က ကောင်းကောင်း သိပါသည်။ ဒေါ် အောင်ဆန်း စု ကြည် သည် သူမ ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ကဲ့သို့ပင် ခေါင်းဆောင် ဖြစ်ဖို့ မွေးဖွားလာ သူ တစ်ဦး ဖြစ်သည်။

စစ် အစိုးရ အနေ နှင့် သူမ အား နေအိမ် အကျယ်ချုပ် ဖြင့် ဖိနှိပ် ဖမ်းဆီး ထား သည့် တိုင်  ဒေါ် အောင်ဆန်း စု ကြည် အပေါ် မြန်မာ ပြည်သူ အပေါင်း ၏ ချစ်ခင် မြတ်နိုး မှု၊ သူမ ၏ အရေး ကိစ္စ တိုင်း အတွက် နိုင်ငံ တကာ မှ အလေး အနက် ထား အာရုံစို်က် မှု တို့ သည် လုံးဝ မ လျော့နည်း သွား ခဲ့ပါ ချေ။ ယခု ထက်တိုင် ပြည်သူ များ ၏ နှလုံး သား တွင် (၁၉၉၀) ရွေးကောက် ပွဲ အနိုင် ရ ခဲ့သူ  ဒေါ် အောင်ဆန်း စု ကြည် သာ ၎င်း တို့ ၏ စစ်မှန် သော ခေါင်းဆောင် ကောင်း အဖြစ် မှတ်ယူ ကြည်ညို နေကြ ဆဲဖြစ် သည်။

 ဒေါ် အောင်ဆန်း စု ကြည် သည် အရာရာ အတွက် ဇွဲ ကောင်းပြီး စိတ်ဓာတ် ကြံ့ခိုင်သူ၊ ရောင့်ရဲ နိုင်သူ၊ ထက်မြတ် ပြတ်သားသူ အဖြစ် အကြိမ်ကြိမ် မှတ်ကျောက် တင် ထားပြီး ဖြစ် သည်။ စစ် အစိုးရ ၏ နှစ်ပေါင်း များစွာ ချုပ်နှောင်ထား မှု အား တစုံတရာ အကြမ်းဖက် မှုမရှိဘဲ အေးဆေး တည်ငြိမ် စွာ ဖြင့် ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြနေသော  ဒေါ် အောင်ဆန်း စု ကြည် ၏ စိတ်ဓာတ် ကြံ့ခိုင်မှု မှာ လေးစား အတုယူ ဖွယ် အရည် အချင်း ကောင်း တစ်ရပ် ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည် ဩဂုတ် လယ် ခန့် မှ စပြီး သူမ သည် စစ် အစိုးရ အား အစာ ငတ်ခံ ဆန္ဒပြ နေကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် မြန်မာ ပြည်သူ များ ရော ကမာ္ဘ့  နိုင်ငံ များ ကပါ သူမ ၏ ကျန်းမာရေး ကို အလွန် စိုးရိမ် ထိတ်လန့် ခဲ့ကြ သည်။ 

ဒေါ် အောင်ဆန်း စု ကြည် အနေ နှင့် ထိုသို့ နိုင်ငံ တကာ မှ ဂရုစိုက် ချစ်ခင် မှု ကို ခံယူရ လေလေ၊ စစ် အစိုးရ အတွက် မျက်မုန်း ကျိုးစရာ ဖြစ်လေလေ ပင်ဖြစ် သည်။ နောက်ပိုင်း တွင် နိုင်ငံ အသီးသီး မှ အပြင်း အထန် ဖိအားပေး မှုများ ပြုလုပ်လာခဲ့ သောကြောင့် စစ် အစိုးရ အနေနှင့်  ဒေါ် အောင်ဆန်း စု ကြည် အား လိုက်လျော မှုအချို့  ပြုလုပ် ခဲ့ ရ သည်။

သူမ ၏ ရှေ့နေ၊ ဆရာဝန် များ နှင့် တွေ့ဆုံ ခွင့် အပါ အဝင် အခွင့်အရေး တစ်ချို့အား ပေးအပ် ခဲ့ရသည်။ သူမ ၏ ဆရာဝန် က အသက် (၆၃) နှစ် အရွယ်  ဒေါ် အောင်ဆန်း စု ကြည် သည် ကိုယ် အလေးချိန် (၈) ကီလို ဂရမ် မျှ ကျဆင်း သွား ခဲ့ပြီး ဆံပင်များ ကျွတ်သည့် အခြေ အနေ များ ဖြစ်ပေါ် နေသည် ဟု ဆိုသည်။ သူမ အနေ နှင့် အချိန် (၁၃) နှစ်မျှ ကို နေအိမ် အကျယ်ချုပ် ဖြင့် အထီး ကျန် စွာ ဖြတ်သန်း ခဲ့ရသော် လည်း စိတ်ဓာတ် ကျဆင်း နေသော အရိပ်အယောင် ကား စိုးစဉ်း မျှရှိ မနေ ခဲ့ပေ။

 ဒေါ် အောင်ဆန်း စု ကြည် သည် မြန်မာ့ အရေး အတွက် မရှိမဖြစ် ပုဂ္ဂိုလ် ဖြစ် သည်။ မြန်မာ ပြည်သူများ အားလုံး သည် နေအိမ် အကျယ် ချုပ် ကျခံနေရသူ  ဒေါ် အောင်ဆန်း စု ကြည် အနေ နှင့် နိုင်ငံရေး လှုပ်ရှား မှု များ လုံးဝ ပြုလုပ် နိုင်မည် မဟုတ် ကြောင်း သဘော ပေါက်ထား ကြသည်။ သို့သော် လည်း  ဒေါ် အောင်ဆန်း စု ကြည် သာ မြန်မာ နိုင်ငံ အား ဒီမိုကရေစီ ပန်းတိုင် သို့ ဦးဆောင် ခေါ်ယူ သွားမည့် ရှေ့ဆောင် လမ်းပြ အဖြစ် ယုံကြည် နေကြသည်။ စစ် အစိုးရ အနေ နှင့် မည်သို့ ပင် ၀ါဒ ဖြန့်မှု များ၊ အပုပ် ချ မှု များ ပြုလုပ် ခဲ့ သော် လည်း ပြည်သူ များ ၏ ရင်ထဲ တွင် ကိန်းအောင်း နေသော ယုံကြည် ချက် အမြုတေ သည်  ဒေါ် အောင်ဆန်း စု ကြည် သာ ဖြစ်နေ ခဲ့ တော့ သည်။

မြန်မာ စစ် အစိုးရ အနေ နှင့် မည်သို့ပင် ကြိုးစား သော် လည်း ပရိသတ် အမြင် တွင် မည်သို့မျှမင်းသား ဖြစ်မလာသည့် လူ့အန္ဓ ဗီလိန်ကြီး များ သဖွယ်သာ ဖြစ်နေတော့သည်။ စစ် အစိုး ရ အာဏာပိုင်များသည်  ဒေါ် အောင်ဆန်း စု ကြည် အား ရွံကြောက် ကြီး ကြောက်ရွံ့ နေပြီး  ဒေါ် အောင်ဆန်း စု ကြည် နှင့် ပတ်သတ်သော မဟုတ် မဟတ် ကောလ ဟာလ များ ကို အာပေါင် အာရင်း သန်သန် နှင့် ၎င်းတို့ ၏ လက်အောက် ခံ သတင်း မီဒီယာများ မှ ကျယ်ကျယ် လောင်လောင် သတင်း လွှင့် ကြ သည်။ မဟုတ်တမ်း တရား စွပ်စွဲ ကြ သည်။

ပြည်သူ များ အနေ နှင့် ၎င်း တို့ ၏ ရေးသား ဖော်ပြမှု များ ကို လမ်းဘေးတွင် ခွေး နှစ်ကောင် ကိုက်နေ သော ရန်ပွဲ လောက် မှ စိတ်ဝင်စား ခြင်း မရှိမှန်း ရွှေဉာဏ်ရှင် ဗိုလ်ချုပ် ကြီး များ နားမလည် ကြချေ။ ထို အရေး အသား များ၊ ၎င်း တို့ အား မြှောက်ပင့် ပြီး ကပ်ဖား နေ သော လက်တဆုပ်စာ သတင်းစာ ဆရာ အမည်ခံ လုပ်ကြံ ဖန်တီးထား သော လူ့ နလပိန်း တုံးများ၏ ရွှန်းရွှန်းဝေ ဖော်ပြချက် များ အပေါ် သွား အဖြီးသား နှင့် ကျေနပ် နေကြ သည်။

မြန်မာ စကားပုံ တွင် "ဆင်ဖြူ မျက်နှာ၊ ဆင်မည်း မကြည့်ဝံ့"ဟူသော နာမည်ကျော် ဥပမာ တစ်ခုရှိပါ သည်။ တန်းမတူ သူများ သည် မည်သို့မျှ ပခုံးချင်း ယှဉ်ပြီး ဆက်ဆံဝံ့မည် မဟုတ် ချေ။ အခြား ကြည့်စရာ မလိုပါ။ မြန်မာ့ တပ်မတော် ၏ အဓိပတိ ဦးသျှောင် ဗိုလ်ချုပ် မှူး ကြီး များ ဖြစ် သော သန်းရွှေ၊ မောင်အေး တို့မှာ  ဒေါ် အောင်ဆန်း စု ကြည် နှင့် ထိပ်တိုက် စကားပြောဆိုရမည့်အရေး အတွက် အိမ်စာ မလုပ်ရ သေး သော ကျောင်းသား လေး များ ဆရာမ ကို ပတ်ပြေး သည့်နှယ် ရှောင်ဖယ် နေခြင်း က သက်သေ ပြ နေကြ သည်။ ၎င်း တို့ အနေ နှင့်  ဒေါ် အောင်ဆန်း စု ကြည် အား ထိပ်တိုက် ရင်မဆိုင် နိုင်ခြင်း သည် ကြောက်ရွ့ံ သော ကြောင့် မဟုတ်ပါ။ အလိုလို နေရင်း ဒူးတုန် နေ၍သာ ဖြစ်နိုင် ပါ သည်။

၎င်း တို့ ၏ လက်နက် များ သည် ပြည်သူ များ ၏ သွေး ကို သောက် ခဲ့ချိန် တွင်  ဒေါ် အောင်ဆန်း စု ကြည် မှာ သူမ ၏ ဘဝ အတွက် အကောင်းဆုံး နေ့  ရက်များ အား ပြည်သူ များ ၏ လွတ်လပ်ရေး အတွက် စတေးရင်း ကုန်ဆုံး နေခဲ့သည်။ လူတိုင်း သည် ကိုယ်ပိုင် အတွေး အခေါ် နှင့် ဆုံးဖြတ် နိုင်သူ များ ဖြစ်ပါ သည်။ နီးရာဓား ကြောက်နေရ သည့်တိုင် မေတ္တာဓာတ် နှင့် သွေးညှီနံ့ ကို ကောင်းစွာ ခွဲခြား သိရှိပြီး ဖြစ်ပါ သည်။  ဒေါ် အောင်ဆန်း စု ကြည် သည် ငြိမ်းချမ်း ရေး နိုဘယ်လ် ဆု ရှင် ပီသစွာ ငြိမ်းငြိမ်း ချမ်းချမ်း နှင့် ဆန္ဒပြ တောင်းဆို နေစဉ် ပြည်သူ ကို အလွန် ချစ် မြတ်နိုး သော ဗိုလ်ချုပ် ကြီးများ ၏ စေခိုင်း မှု နှင့် ပြည်သူကို ကာကွယ် မည့် မြန်မာ့ တပ်မတော် သည် ပြည်သူ တို့၏ ကိုးကွယ် ရာ ဗုဒ္ဓ ၏ သားတော် ရဟန်း သံဃာတော် များ ကို နိုင်ငံ့ ၏ အထွတ် အမြတ် ထား ရာ ရွှေတိဂုံ စေတီတော် မြတ်ကြီး ခြေတော် ရင်း တွင် သွေး အေးအေး နှင့် ပစ်ခတ် သတ်ဖြတ် နေပါ သည်။

စစ် အစိုးရ သတင်းစာ များ တွင် ရေးသား ထား ရာ တွင်မူ နိုင်ငံတော် ကို ကာကွယ် နေခြင်း မျှသာ ဖြစ်ကြောင်း တခမ်း တနား ဖော်ပြသွား ပါတော့ သည်။ယခု လည်း မြန်မာ စစ် အစိုးရ သည် ၎င်း တို့ တစ်ဖက် သတ် ရေးဆွဲထား သော ထွတ်အမြတ် ရတနာ တစ်ပါး ဖြစ်ပါ သည်။ 

ဒေါ် အောင်ဆန်း စု ကြည်  မည်သို့သော အခြေအနေ သို့ ကျရောက် နေစေကာ မူ သူမ ၏ အရှိန် အဝါ သည် ပြည်သူ တစ်ရပ် လုံး အတွက် စိတ်ဓာတ် ရေးရာ ခွန်အား အဖြစ် အမြဲတမ်း နွေးထွေး လွှမ်းခြံု နေမည် သာ။ ထို အခြေအနေ ကို သိရှိသော စစ် အစိုးရ အနေ နှင့်  ဒေါ် အောင်ဆန်း စု ကြည် အား မည်သည့်နည်းနှင့်မဆို ဖယ်ရှား ချင်မည်မှာ မြေကြီး လက်ခတ် မလွဲချေ။ 

ဒေါ် အောင်ဆန်း စု ကြည်  မရှိခဲ့ ပါက မြန်မာ ပြည်သူ များ အားလုံး အမှန် တကယ် လမ်းဆုံး သို့ ရောက် ရှိ သွား နိုင်ပါသည်။ "အမိမဲ့ သား ရေနည်း ငါး"ဆိုသော ဘဝမျိုး သို့ ရောက်ရှိ သွားမည် ဖြစ်ပြီး အာဏာရူး စစ် ဘီလူး တို့၏ မဟာ အောင်ပွဲ ဖြစ်လာ ပေလိမ့် မည်။

 ဒေါ် အောင်ဆန်း စု ကြည် သည် မြန်မာ နိုင်ငံ ၏ မျှော်လင့် ချက် ဖြစ်ပါ သည်။ ဒီမို ကရေစီ ၏ ပြယုဂ် လည်း ဖြစ်ပါ သည်။ ကမာ္ဘ့  ငြိမ်းချမ်း ရေး အတွက် အလင်းရောင် လည်း ဖြစ်ပါ သည်။ ထို့ပြင် ဖခင် ၏ ဗီဇသွေး ကို အပြည့် အဝ ဆက်ခံ ထား သည့် မြန်မာ ပြည်သူ များ ၏ အငြင်းပွား ဖွယ် မရှိသော မြတ်နိုး ချစ်ခင် ရ သည့် ခေါင်းဆောင် ကောင်း တစ်ဦး ဖြစ်ပါ သည်။ ထို အခြေ အနေ သည် မြန်မာ နိုင်ငံသူ နိုင်ငံသား များ နှလုံးသား ထဲဝယ် သံမှို နှက် ထား သကဲ့သို့ စွဲမြဲ နေပါ သည်။ မြန်မာ စစ် အစိုးရ သည် ရက်စက် မြဲ၊ ကောက်ကျစ်မြဲ၊ စဉ်းလဲ ယုတ်မာ မြဲ လမ်းစဉ် များ ကို ချမှတ် နေဦး မည် ဖြစ် သလို ပြည်သူ များ ၏ မေတ္တာ ကို အပြည့် အဝ ခံယူ ရရှိ ထား သည့်  ဒေါ် အောင်ဆန်း စု ကြည် အပေါ် ဆက်လက် ဖိနှိပ် ရက်စက် နေဦး မည် သာ။

သို့သော် လည်း  ဒေါ် အောင်ဆန်း စု ကြည် ၏ မြန်မာ ပြည်သူ တို့ အပေါ် ထား ရှိ သည့် စေတနာ နှင့် မြန်မာ တစ်မျိုးသား လုံး ၏  ဒေါ် အောင်ဆန်း စု ကြည် အပေါ် ယုံကြည် အားကိုး သည့် ချစ်ခြင်း မေတ္တာ သည် မည်သို့မျှ ဖြတ်တောက် ၍ မရနိုင် တော့ မည့် အခိုင်မာ ဆုံး ကြိုး တစ်ချောင်း ဖြစ်သည် ကိုမူ မြန်မာ စစ် အာဏာပိုင် များ သိဖို့ အချိန်တန် ပြီ ဖြစ် သည်။

ဇော်အောင် ( လူထုအသံ )

မှတ်ချက်။ ။ ဧရာဝတီမဂ္ဂဇင်း နှင့် ဘန်ကောက်ပိုစ့်သတင်းစာ ပါ KYAW ZWA MOE ၏ Where Would Burma Be without Suu Kyi? ကို ကိုးကားရေးသားပါသည်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here