ပြင်းထန်သည့် အရေးယူမှုများဖြင့်သာ မြန်မာပြည် သူတို့ လွတ်မြောက် နိုင်မည်

Click to enlarge

မြန်မာ နိုင်ငံ မှာ ဘာတွေ ဖြစ်ခဲ့ ပါ သနည်း။ ဘယ်လို အခြေ အနေ တွေ ကြံုခဲ့ ပါ သနည်း။ တစ် ကမ္ဘာ လုံး သိကြ ပါသည်။ ခေတ်မီ စစ် လက်နက် များ ကိုင်ဆောင် ထား သော စစ်သား များ သည်

 ရဲရဲ ရင့်ရင့် တည်တည် ငြိမ်ငြိမ် နှင့် ဒေသစာရီ ကြွချီတော်မူလာသော သံဃာ တော် များ အား သေနတ် များ နှင့် ချိန်ရွယ်လိုက်ကြသည်။ ထို့နောက် စူးစူးရှရှ ထွက်ပေါ်လာသော အမိန့်ပေးသံနှင့် အတူ ၎င်း တို့ ၏ လက်ညှိုး များ အား သွေး အေးအေး နှင့် ပင် ကွေးလိုက် လေ တော့ သည်။

(၂၀၀၇) စက်တင်ဘာ နေ့လည် ခင်း တို့သည် သံဃာတော် တို့ ၏ သင်္ကန်း တော်များ နှင့် သွေးစက် များ အရောရော အနှောနှော နှင့် ချင်းချင်း နီမျှ ရှိနေ ခဲ့ပါ တော့ သည်။ ထိုဖြစ်ရပ် များ ကို တစ်ကမာ္ဘလုံး တွေ့ပြီး တစ် လောက လုံး မြင်ပါ သည်။ စက်တင်ဘာ ၏ ညဉ့်နက် သန်းခေါင်ယံ များ သည် စစ် ဖိနပ်သံ များ၊ ဆဲဆိုသံ များ၊ ရဟန်းတော် တို့ ၏ ညည်းညူသံ များ နှင့် အကျည်းတန် နေခဲ့ သည်။ ည မ ထွက်ရ အမိန့် ကြောင့် ဘုန်းတော်ကြီး ကျောင်း များ ၏ အနီး အနား ပတ်ဝန်း ကျင် ရှိ နေအိမ် များ မှ ပြည်သူ များ အနေ နှင့် လာရောက် အကူ အညီပေး ရန် မဝံ့ရဲခဲ့ ကြ ချေ။

သရဲ သဘက် ကဲ့သို့ ရက်စက် ကြမ်းကြုတ် သော စစ် ဘီလူး များ သည် ရဟန်းတော် များ အား ကြမ်းတမ်း စွာ ရိုက်နှက် ကန် ကျောက် ကြ၊ နှိပ်စက် ညှင်းပန်း ကြ သည်။ ထို့နောက်တွင်တော့ ရဟန်းတော်များအား သားရဲတွင်း ကဲ့သို့ သော နေရာ များ ဖြစ် သည့် အကျဉ်း စခန်း များ ဆီသို့ စစ် သုံး လော်ရီကား များ နှင့် တင်ဆောင် သွား ကြ ပြီး သံဃာ ပိုင် ပစ္စည်း များ ကို လည်း သူခိုး ဓားပြ များ ပမာ စိတ်ကြိုက် မွှေ နှောက် ယူငင် သွား ကြ သည်။ ထိုမျှ ရက်စက် ကြမ်းကြုတ် သော လုပ်ရပ် များ အတွက် ဦးဆောင် ခဲ့သူ များ အား မည်သို့ အပြစ်ပေး သင့်ပါ သနည်း။ ထို မေးခွန်း သည် သာ မြန်မာ ပြည်သူ များ အတွက် လိုရင်း အချက် ဖြစ်နေ ပါ လိမ့် မည်။

ကမာ္ဘ ပေါ် တွင် ငြိမ်းချမ်း ရေး၊ သာတူ ညီမျှ ရှိ ရေး၊ လူ့ အခွင့် အရေး စသည် တို့ အား တခဲနက် ကြွေးကြော် နေ သော ကမာ္ဘ့ အင်အား ကြီး နိုင်ငံ များ အနေ နှင့် မြန်မာ စစ် အစိုး ရ အား ပြည် ၀င်ခွင့် ပိတ် ခြင်း၊ စီးပွားရေး အရ ပိတ်ဆို့ခြင်း စသည်တို့ လုပ်ဆောင် နေရုံမျှ နှင့် လုံလောက် နိုင်မည် ဟု ယူဆ နေမည် ဆိုလျင် ထိုလူ့ မိစာ္ဆ စစ် အစိုးရ အား ပန်း နှင့် ပေါက် သကဲ့သို့ သာ ရှိ ပေ လိမ့်မည်။ အနောက် နိုင်ငံများ အနေ နှင့် မြန်မာ့ ထွက်ကုန် များ အား ၀ယ်ယူခြင်း မပြုဘဲ ပိတ်ဆို့ ထားချိန် တွင် တရုတ်၊ ရုရှား စသော နိုင်ငံကြီး များ အနေ နှင့် မြန်မာ့ သယံ ဇာတ များ အား ဈေး ပေါပေါ နှင့် ၀ယ်ယူ  မည် ဖြစ်သလို မြန်မာ စစ် အာဏာပိုင် များ အနေ နှင့် လည်း ကုန်သွယ်ဖက် များ ဆက်လက် ရရှိ နေသော ကြောင့် အပြံုး မပျက် ရှိနေ မည် သာ။

လွန်ခဲ့ သော နှစ် (၂၀) က ဒီမို ကရေစီ ရေး ဆန္ဒပြသူ စုစု ပေါင်း (၃၀၀၀) ကျော်မျှ စစ် အစိုးရ တပ် များ ၏ သတ်ဖြတ် ခြင်း ခံရ သည့် (၈၈) အရေး အခင်း ကြီး နောက်ပိုင်း စစ် အစိုးရ ၏ တရားဝင် လူသတ်ပွဲ ကြီး အတွက် စီးပွားရေး ပိတ်ဆို့ မှု သည် အကောင်းဆုံး အဖြေ မဟုတ်မှန်း သံသယ ရှိ စရာ မ လို ပါ။ ထို အရေး ယူမှု သည် စက်တင်ဘာ ညများ အတွင်း စစ် ဖိနပ် များ နှင့် ဘက် နှက်မျှုမလှ ပျံလွန်တော်မူခဲ့ရသည့် ခန့်မှန်းခြေ သံဃာဦးရေ (၂၀၀)ကျော်အတွက် အားနာ စရာပင် ကောင်းနေ ပါတော့ သည်။

စစ် အစိုးရ သည် မည်မျှ ဆိုးသွမ်း ကြောင်း၊ မည်မျှ ရက်စက် ကြောင်း ၀ါဒဖြန့် နေစရာ လည်း မလိုအပ် တော့ ပါ။ မြန်မာ စစ်တပ် နှင့် ပတ်သတ် ပြီး ရိုက်ကူး ထား သည့် ရမ်ဘို ရုပ်ရှင် တွင် ပါ၀င် သရုပ်ဆောင် ခဲ့သူ ဆီဘက်စတာ စတားလုံး က မြန်မာနိုင်ငံရှိ စစ်တပ် များ သည် လူ့ အခွင့် အရေး အချိုး ဖောက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြောင်း လေ့လာ သိရှိ ခဲ့ရ သည် ဟု ဆို သည်။ ရမ်ဘို ရုပ်ရှင် သည် ကြည့်ကောင်း ချင် ကောင်းပါ လိမ့်မည်။ သို့သော် လည်း လက်တွေ့  မြန်မာ နိုင်ငံ ၏ ဆိုးရွား နေသော အခြေ အနေ များ ကို ကို ရမ်ဘို လည်း ရုပ်ရှင် ထဲ ကလို ကယ်တင် နိုင်မည် မဟုတ် ပါ။ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ညှိနှိုင်းရေး လမ်းစဉ် ကို ဆက်လက် ကျင့်သုံး သွား မည်ဟု တွင်တွင် ပြောနေ ပါ သည်။ နိုင်ငံ တကာ ရေးရာ များ နှင့် အလွန် အလုပ် များ နေသော ကြောင့် မစ္စတာ ဘန်ကီမွန်း အနေနှင့် ပုံမှန်တွေးခေါ်နိုင်သည့် အတွေး အမြင် များ ပျောက်ဆုံးသွားပြီလား မဆိုနိုင်ပေ။

ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ဦးဆောင် သော မြန်မာ စစ် အစိုးရ ထံ မှ ဒီမိုကရေစီ လမ်းစဉ်အား မျှော်လင့် နေခြင်း ထက် ကျောက်ခဲကို ရေညှစ် ခြင်း က မှ နီးစပ် နိုင် သေးကြောင်း မစ္စတာ ဘန်ကီမွန်း နားမလည် နိုင်ခြင်း အပေါ် မြန်မာ ပြည်သူ တစ်ရပ် လုံး က အံ့ဩ လျက် ရှိနေ ကြ သည်။ အမေရိကန် နှင့် မဟာမိတ် ဥရောပ နိုင်ငံ များ က မြန်မာ စစ်အစိုးရအပေါ် စစ် ရေး အရ အရေးယူ မှု များ ပြုလုပ်သွား ရန် ကြံစည် ခဲ့ သော်လည်း ကုလ သမဂ္ဂ လုံခြံုရေး ကောင်စီ အမြဲတမ်း အဖွဲဝင် နိုင်ငံများ ဖြစ်သော ရုရှား နှင့် တရုတ် နိုင်ငံ တို့ ၏ ဗီတို အာဏာကြောင့် ထင်တိုင်း မပေါက် ခဲ့ ပြန် ပေ။ ထို့ကြောင့် လည်း မြန်မာ ပြည်သူ များ ခမျာ လူသတ် အစိုးရ ပြု သမျှ နုနေ ကြရ မြဲပင် ဖြစ် သည်။

မြန်မာ နိုင်ငံ အစိုးရ သည် ၎င်း တို့ ၏ အဓိက အတိုက် အခံ ဖြစ်သည့် NLD ပါတီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စု ကြည် အား နှစ်ရှည် လ များ နေအိမ် အကျယ်ချုပ်နှင့် ထိန်းသိမ်း ထား မှု အပေါ် နိုင်ငံတကာမှ ဖိအားပေး ကန့်ကွက်မှု များကိုပင် ဂရုစိုက်ခြင်း အလျဉ်း မရှိတော့ ပေ။ အဆိုပါ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် သည် စစ် အစိုးရ ၏ မတရား ဖမ်းဆီး မှု အား နှစ်ရှည်လ များ ခံ နေရ သည့်တိုင် မြန်မာ့ဒီမိုကရေစီရေး မျှော်မှန်း ချက် အား လက်မလွှတ် ခဲ့သောကြောင့် အာဏာရူး အစိုးရ အနေ နှင့် ယခုလို ရသည့် နည်း နှင့် ညစ်ထား ခြင်း ဖြစ် သည်။ အမေရိကန် နှင့် အနောက် ဥရောပ အပါ အဝင် လူ့ အခွင့် အရေး တန်ဖိုး ထား သည့် နိုင်ငံကြီး များ အနေ နှင့် ဒေါ် အောင်ဆန်း စု ကြည် အား မြန်မာ စစ် အစိုးရ မှ ပြန်လွှတ် ပေး ရန် ယခု ထက် ပိုပြီး မ စွမ်းဆောင် နိုင် တော့ ဟု ယုံကြည်ရပြီဆိုလျင် မြန်မာ့ ဒီမိုကရေစီ ရေး သည် ရေပေါ် အရုပ်ရေး သလိုသာ ဖြစ်လာ နိုင် ပါ တော့ သည်။
(၈၈) အတွက် တက္ကသိုလ် ကျောင်းသား များ ဦးဆောင် ခဲ့ပါ သည်။

 (၂၀၀၇)အတွက် ရဟန်းသံဃာများ ဦးဆောင်ခဲ့ပါသည်။ သို့သော်လည်း အာဏာသာ တည်မြဲ မည် ဆိုပါ က ဘနဖူး သိုက်တူး မည့် လူသတ် သမား အစိုးရ ကြောင့် နှစ်ကြိမ် စလုံး မ အောင်မြင် ခဲ့ ဘဲ ရဟန်း ရှင်လူ ပြည်သူ အပေါင်း ၏ အသက် သွေးချွေး တို့ ဆုံးရှုံး ခဲ့ရ သည်။ ထို အခြေ အနေ သည် နောက် တစ်ကြိမ် ဒီမိုကရေစီ တောင်းဆို ရေး လှုပ်ရှားမှု များ ပေါ်ပေါက် လာရေး အတွက် စိတ်ဓာတ် ရေးရာ အရ ထိခိုက်မှု ဖြစ်လာ ခဲ့ သည်။ မြန်မာ စစ် အစိုးရ အား မြန်မာ ပြည်သူ တစ် ရပ်လုံး က မကျေနပ် သော်လည်း လက်နက် အားကိုး နှင့် မိုက်တတ် သည့် မြန်မာ စစ် အစိုးရ ၏ လက်ကိုင် တုတ် စစ် သား များ ကြောင့် ရင်တွင်း ခံစားချက်များကို ဖော်ပြရန် မည်သူ မျှ မရဲရင့် နိုင် တော့ ပါ။

ထို အစိုးရ သည် ပြည်သူ များ ကို သတ်ခဲ့ ပါ သည်။ ဗုဒ္ဓ ၏ သား တပည့် ရဟန်းတော် များကို သတ်ခဲ့ပါသည်။ လောကပါလ နတ် အပေါင်း တို့ သည် တရားကို မျက်ကွယ် ပြု နေပြီလား မဆိုနိုင် ပါ။ ယခုထိ လူသတ် အစိုးရ သည် သက်ဆိုးရှည် နေမြဲ ဖြစ်ပြီး နိုင်ငံ တကာ မှ မထိပါး နိုင်သည့် အခြေ အနေ တစ်ရပ် တွင် စိတ်အေး လက်အေး ရပ်တည် နေမြဲပင်။ ထို့ကြောင့် မြန်မာ စစ် အစိုးရ အား မည်သို့မည်ပုံ အရေးယူ ရမည် ဆိုသည် ကား အမေး ရှိပြီး အဖြေ ခက် လှသော အခြေ အနေ တစ်ရပ် အဖြစ် တည်ရှိ နေ ဦး မည် သာ ဖြစ် သည်။

အရှေ့ တောင် အာရှ ဒေသ ၏ ရီုဒိုဗန် ကာရာဒက်စ်နှင့် အဒေါ့ဖ် ဟစ်တလာ လက်သစ် များ အတွက် ထိုက်တန် သော အရေး ယူ မှုတစ်ခု ပြုလုပ် သွား နိုင်ရေး သည် မြန်မာ ပြည်သူ တစ် ရပ်လုံး ၏ အလိုလား အတောင့် တဆုံး ဆန္ဒတစ်ခု ဖြစ်သလို အခက်ခဲဆုံး ပြဿနာ တစ်ရပ် ဖြစ်နေဦးမည်သာ။ မြန်မာ ပြည်သူများ အနေနှင့် စစ်အစိုးရ လက်အောက်မှ လွတ်မြောက်ခွင့် ရရှိရေးသည် ကမာ္ဘ့နိုင်ငံ အသီးသီးမှ ကူညီမှု အပေါ် တွင် သာ မူတည် နေပါ တော့ သည်။

  နွယ်နွယ် ( လူထုအသံ )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here