လူသားဆန်မှုနှင့် လွတ်လပ်ခြင်းနိဒါန်း အတွေးအမြင် ဆောင်းပါး များ

Click to enlarge

ဒီစာအုပ်လေးကို ထုတ်ရခြင်းကတော့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ အနှစ် ၂ဝ မြောက်အတွက် ရည်စူးပါတယ်။ ဆောင်းပါးရှင် နှစ်ဦးစလုံးက ၁၉၈၈ မျိုးဆက်တွေဖြစ်တာကလည်း တပိုင်းပါ။ တိုင်းပြည်တခု လူ့အဖွဲ့အစည်း တခု အတွင်းမှာ နှစ်ပေါင်းရှည်လျားစွာ လွတ်လပ်မှုကင်းမဲ့ပြီး ဖိနှိပ်ခံနေရနေတာ၊ နောက်တခုက အထူးသဖြင့် အုပ်ချုပ်သူ အစိုးရ တွေဆီမှာ လူသားဆန်မှု ကွယ်ပျောက်နေတာတွေဟာ အဲသည့်တိုင်းပြည်တခု ပြောင်းလဲ တိုးတက်ဖို့ အဓိက အဟန့် အတား ဖြစ်တယ်လို့ ဆောင်းပါးရှင် နှစ်ဦးစလုံးက  အနေနဲ့ ဆန်းစစ်သုံးသပ်ပါတယ်။

 

 

မိမိရဲ့လူ့အဖွဲ့အစည်းကို တန်ဖိုးမထားခြင်း၊ မရိုသေခြင်းတို့ဟာ လူသားဆန်မှုတန်ဖိုးကို တိမ်မြုပ်စေပါတယ်။ လူသားဆန်မှု ကို ထည့်သွင်းမစဉ်းတာနဲ့ တပြိုင်နက် လူသားတို့ရပိုင်ခွင့်ရှိတဲ့ လွတ်လပ်မှုဟာလည်း အလိုအလျောက် ဆုံးရှုံးရပါတယ်။ လူ့အဖွဲ့ အစည်းအတွင်း လွတ်လပ်ခွင့် ဆုံးရှုံးသွားခြင်းဟာ မကောင်းကျိုးတွေ၊ ဆိုးကျိုးတွေကိုသာ ဆက်လက် သယ်ဆောင် လာပါ တယ်။

လူသားဆန်မှု ကင်းမဲ့ရတဲ့အတွက် လွတ်လပ်ခွင့်တွေ ဆုံးရှုံးရတဲ့အတွက် အကောင်းဖက်ကို ဦးတည်ပြီး ပြောင်းလဲလာတဲ့ စီးဆင်းမှု မရှိတော့ဘဲ အဆိုးဖက်ကိုဦးတည်တဲ့ ပြောင်းလဲမှုတွေသာ အဖတ်တင် ကျန်ရစ်ရပါတယ်။ ကျနော်တို့ လူ့အဖွဲ့ အစည်း အကောင်းဖက်ကို ဦးတည်ပြောင်းလဲလာ နိုင်ဖို့အတွက် တတ်နိုင်တဲ့ဖက်က တတ်စွမ်းသလောက် လုပ်အား ထည့်ဝင်တဲ့အနေနဲ့ အခုဆောင်းပါးများကို ဆောင်းပါးရှင် နှစ်ဦးစလုံးက ရေးသား တင်ပြရခြင်းဖြစ်ပါတယ်"

ဒီလိုစာအုပ်အဖွင့်မှာ မိတ်ဆက်စကားရေးထားတဲ့ ကိုအောင်သူငြိမ်းနဲ့ ကိုဇော်မင်းတို့ ရေးထားတဲ့ ဆောင်းပါးတွေ ပေါင်းချုပ် စာအုပ်ထွက်ပါပြီ။ အများအားဖြင့် ရွက်မွန်ဘလော့ စာမျက်နှာ က ဆောင်းပါးတွေကို ပြန်လို့ အမှတ်တရ စုစည်းထား တာပါ။ တအုပ်ကို ထိုင်းနိုင်ငံတွင်း ဘတ် (၂၀၀) နဲ့ ရောင်းမယ်လို့ စဉ်းစားထားပါတယ်။ နိုင်ငံတကာ ရှိနေသူတွေအတွက်တော့ စာအုပ် ဖိုးရယ်၊ စာပို့ခရယ် မစ စေချင်ပါတယ်။

စာအုပ်လိုချင်ပါက ကိုအောင်သူငြိမ်း (အီးမေးလ် [email protected]) နဲ့ ကိုဇော်မင်း (အီးမေးလ် [email protected]) ကို မှာယူနိုင်ပါတယ်။

Book Name: Introduction to Humanity and Freedom and other essays
Authors: Zaw Min & Aung Thu Nyein
ISBN 978-974-672-341-1

 

LEAVE A REPLY

Please enter your comment!
Please enter your name here